YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:18-20

ဖိလိပ္ပိ 3:18-20 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ အ​ထက်​အ​ဖန်​ဖန် ငါ​ပြော၍၊ ယ​ခု​ပင် မျက်​ရည်​ကျ​လျက်​နှင့် ပြော​သည်​အ​တိုင်း၊ ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကို ရန်​ဘက်​ပြု၍ ကျင့်​သော​သူ​အ​များ​ရှိ​ကြ၏။- ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။- ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။

ဖိလိပ္ပိ 3:18-20 Common Language Bible (BCL)

ဤ​အ​ချက်​ကို​ကြိမ်​ဖန်​များ​စွာ​ငါ​ဖော်​ပြ​ဖူး​လေ​ပြီ။ ယ​ခု​လည်း​မျက်​ရည်​ဖြင့်​ထပ်​မံ​၍​ဖော်​ပြ​၏။ ခ​ရစ်​တော် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ အ​သေ​ခံ​တော်​မူ​ခြင်း​တ​ရား တော်​နှင့်​ဆန့်​ကျင်​၍​ပြု​ကျင့်​သူ​လူ​အ​များ​ပင် ရှိ​ပေ​သည်။- ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။- ငါ​တို့​မူ​ကား​ကောင်း​ကင်​ဘုံ​နိုင်​ငံ​သား​များ​ဖြစ် သ​ဖြင့် ကောင်း​ကင်​ဘုံ​မှ​ငါ​တို့​၏​ကယ်​တင်​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​မည်​ကို စောင့်​မျှော်​လျက်​ရှိ​ကြ​၏။

ဖိလိပ္ပိ 3:18-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား သင်​တို့​အား မကြာခဏ ငါ​ပြော​ခဲ့​ပြီး ယခု​တစ်ဖန် မျက်ရည်​ကျ​လျက်​ပြော​သည်​မှာ များစွာ​သော​သူ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကို​ရန်ဘက်​ပြု​လျက် အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​၏။ ထို​သူ​တို့​၏​နိဂုံး​သည် ပျက်စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘုရား​သည် သူ​တို့​၏​ဝမ်းဗိုက်​ဖြစ်​၍ သူ​တို့​သည် မိမိ​တို့​၏​ရှက်ဖွယ်ရာ​၌ ဂုဏ်ယူ​ဝါကြွား​ကြ​၏။ သူ​တို့​စွဲလမ်း​သော​အရာ​သည် လောက​နှင့်ဆိုင်သော​အရာ​များ​ပင်​ဖြစ်​ကြ​၏။ သို့သော် ငါ​တို့​၏​နိုင်ငံသား​အရိုက်အရာ​သည် ကောင်းကင်​ဘုံ​၌​ရှိ​၏။ ထို​အရပ်​မှ​ကြွလာ​တော်မူ​မည့် ကယ်တင်ရှင်​သခင်​ယေရှု​ခရစ်တော်​ကို ငါ​တို့​စောင့်မျှော်​နေ​ကြ​၏။