YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:12-26

ဖိလိပ္ပိ 1:12-26 JBMLE

ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။- သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။- လူ​အ​ချို့​တို့​သည် ငြူ​စူ​ရန်​တွေ့​ချင်​သော​သ​ဘော​နှင့် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။ အ​ချို့​တို့​သည် စေ​တ​နာ​စိတ်​နှင့် ဟော​ပြော​ကြ၏။- ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။- ထို​သူ​တို့​သည် ကြည်​ဖြူ​သော​စိတ်​မ​ရှိ၊ ချည်​နှောင်​ခြင်း​ကို ငါ​ခံ​ရ​သည်​တွင် သာ၍ ဆင်း​ရဲ​စေ​မည်​ဟု အ​ကြံ​ရှိ၍၊ ရန်​တွေ့​ချင်​သော​စိတ်​နှင့် ဟော​ပြော​ကြ၏။ သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။- အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။- ငါ​အ​သက်​ရှင်​သည်​အ​ရာ​မှာ ခ​ရစ်​တော်​ဖြစ်၏။ သေ​လျှင်​မူ​ကား၊ သာ၍​အ​ကျိုး​ရှိ၏။- ဤ​ကိုယ်​ခ​န္ဓာ၌ ငါ​သည်​အ​သက်​ရှင်​လျှင်၊ ငါ​ပြု​သော​အ​မှု၏ အ​ကျိုး​ကား ထို​သို့​သော​အ​ကျိုး ဖြစ်၏။ သို့​သော်​လည်း အ​ဘယ်​အ​ကျိုး​ကို ရွေး​ယူ​ရ​မည်​ဟု ငါ​မ​သိ။- ထို​အ​ကျိုး​နှစ်​ပါး၏​အ​ကြား၌ ငါ​သည်​ယ​ခု ကျဉ်း​မြောင်း​စွာ နေ​ရ၏။ စု​တေ၍ ခ​ရစ်​တော်​နှင့်​အ​တူ နေ​ခြင်း​ငှာ တောင့်​တ​လို​ချင်​သော​စိတ် ရှိ၏။ သာ၍ အ​လွန် ထူး​မြတ်​သော​အ​ကျိုး​ဖြစ်၏။- သို့​သော်​လည်း ကိုယ်​ခ​န္ဓာ၌ နေ​ရ​လျှင် သင်​တို့၌ သာ၍ အ​ကျိုး​ရှိ​လိမ့်​မည်။- ထို​သို့​ရှိ​လိမ့်​မည်​ဟု ယုံ​မှား​ခြင်း​နှင့် ကင်း​လွတ်​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​တစ်​ဖန် ရောက်​လာ​သော​အား​ဖြင့်၊ သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​အ​မှီ​ပြု၍ ငါ့​အ​တွက်​ကြောင့် သာ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တိုး​ပွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​ခ​န္ဓာ၌​နေ၍ သင်​တို့​ရှိ​သ​မျှ​နှင့် ပေါင်း​ဖော်​ရ​မည်​ဟု ငါ​သိ၏။

​ဖိလိပ္ပိ 1:12-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။