YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:12-18

ဖိလိပ္ပိ 1:12-18 JBMLE

ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။- သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။- လူ​အ​ချို့​တို့​သည် ငြူ​စူ​ရန်​တွေ့​ချင်​သော​သ​ဘော​နှင့် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။ အ​ချို့​တို့​သည် စေ​တ​နာ​စိတ်​နှင့် ဟော​ပြော​ကြ၏။- ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။- ထို​သူ​တို့​သည် ကြည်​ဖြူ​သော​စိတ်​မ​ရှိ၊ ချည်​နှောင်​ခြင်း​ကို ငါ​ခံ​ရ​သည်​တွင် သာ၍ ဆင်း​ရဲ​စေ​မည်​ဟု အ​ကြံ​ရှိ၍၊ ရန်​တွေ့​ချင်​သော​စိတ်​နှင့် ဟော​ပြော​ကြ၏။ သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။

​ဖိလိပ္ပိ 1:12-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။