YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:1-6

ဖိလိပ္ပိ 1:1-6 JBMLE

ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော​ပေါ​လု​နှင့် တိ​မော​သေ​သည်၊ ဖိ​လိ​ပ္ပိ​မြို့၌​ရှိ​သော သင်း​အုပ်​တို့​နှင့် သင်း​ထောက်​တို့​မှ​စ၍ ယေ​ရှု​ခ​ရစ်၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ ငါ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော အ​ခါ​ခါ၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​သ​မျှ​အ​ဖို့​ကို အ​စဉ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်၊ သင်​တို့​ကို အောက်​မေ့​သော​အ​ခါ​ခါ၊ သင်​တို့​သည် ရှေ့​ဦး​စွာ​သော​နေ့​ရက်​မှ​စ၍ ယ​ခု​တိုင်​အောင် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ၍ ခံ​စား​ကြောင်း​ကို ငါ​ထောက်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ၏။- သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။