YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလေမုန် 1

1
1ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊ ငါ​တို့​ချစ်​သော လုပ်​ဖော်​ဆောင်​ဖက်​ချင်း ဖိ​လေ​မုန်၊- 2ငါ​တို့​ချစ်​သော​နှ​မ အ​ပ္ပိ၊ ငါ​တို့​စစ်​သူ​ရဲ​ချင်း အာ​ခိ​ပ္ပု​မှ​စ၍ သင်၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။- 3ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
ဖိ​လေ​မုန်၏​မေ​တ္တာ​နှ​င့်​ယုံ​ကြည်​ခြင်း
4-5သင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်၍ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​သည်​ဟု ငါ​သည်​ကြား​လျှင်၊ ငါ၏​ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း၍၊ သင့်​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။- 6ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ကို ဆက်​ဆံ​သော အ​ရှိန်​ကြီး၍၊ သူ​တစ်​ပါး​တို့​သည် ယေ​ရှု​ခ​ရစ်​အ​ဖို့​အ​လို​ငှာ ငါ​တို့၌ ကောင်း​သော​အ​ရာ ရှိ​သ​မျှ တို့​ကို ဝန်​ခံ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- 7အ​ချင်း​ငါ့​ညီ၊ သင်​သည် သန့်​ရှင်း​သူ​တို့၏ စိတ်​နှ​လုံး​ကို သက်​သာ​စေ​သော​ကြောင့်၊ သင်၏​မေ​တ္တာ​ကို ထောက်၍ ငါ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ချမ်း​သာ​ခြင်း ရှိ၏။
သြ​နေ​သိမ်​အ​တွက်​တောင်း​ပန်
8ထို​ကြောင့်၊ သင်​သည် ပြု​သင့်​သော​အ​မှု​အ​ရာ​ကို ပ​ညတ်​ထား​ခြင်း​ငှာ၊ ငါ​သည် ခ​ရစ်​တော်​အား​ဖြင့် အ​လွန်​ရဲ​ရင့်​စ​ရာ အ​ခွင့်​ရှိ​သော်​လည်း၊- 9အ​သက်​ကြီး​သော ပေါ​လု​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ ဖြစ်​လျက်​ပင်၊ မေ​တ္တာ​အား​ဖြင့်​သာ သင့်​ကို တောင်း​ပန်​ပါ၏။- 10ချည်​နှောင်​ခြင်း​ကို​ခံ​စဉ်​တွင် ငါ​ဖြစ်​ဖွား​စေ​သော သား​တည်း​ဟူ​သော၊- 11သင်​သည် အ​ထက်​က​အ​သုံး​မ​ရ​သော​သူ၊ ယ​ခု​တွင် ငါ​နှင့်​သင်​သည် အ​သုံး​ရ​သော​သူ ဩ​နေ​သိမ်​အ​ဖို့ ငါ​တောင်း​ပန်​ပါ၏။- 12ထို​သူ​ကို သင့်​ထံ​သို့ ငါ​ပြန်​စေ​သည်​ဖြစ်၍၊ သူ့​ကို ငါ့​ရင်​သွေး​ကဲ့​သို့​မှတ်​လျက် လက်​ခံ​လော့။- 13ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊- 14သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။- 15ထို​မှ​တစ်​ပါး၊ သင်​သည် သူ့​ကို အ​စဉ်​ရ​စေ​ခြင်း​ငှာ၊ သူ​သည် သင်​နှင့်​ခ​ဏ​ကွာ​သွား​သည်​ဟု ဆို​စ​ရာ​ရှိ၏။- 16ထို​သို့​ဆို​သော်၊ အ​စေ​ခံ​ကျွန်​ကဲ့​သို့​ရ​မည်​ဟု မ​ဆို​လို၊ ငါ၌ အ​ထူး​သ​ဖြင့် ချစ်​သော​ညီ၊ သင်၌​ကား၊ ဇာ​တိ​အား​ဖြင့်​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ သာ၍​ချစ်​သော ညီ​ကဲ့​သို့​ရ​မည်​ဟု ဆို​လို​သ​တည်း။- 17သို့​ဖြစ်၍ သင်​သည် ငါ့​ကို အ​ပေါင်း​အ​ဖော်​ကဲ့​သို့ မှတ်​လျှင်၊ သူ့​ကို​ငါ​ကဲ့​သို့​ပင် လက်​ခံ​လော့။- 18သူ​သည် သင်၌​ပြစ်​မှား​ခြင်း၊ ကြွေး​တင်​ခြင်း တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ ငါ့​အ​တွက်​အ​တာ မှတ်​လော့။- 19ဆပ်​ပေး​မည်​ဟု ငါ​ပေါ​လု​သည် ကိုယ်​လက်​နှင့် ရေး​ထား၏။ သို့​ရာ​တွင် သင်၏​ကိုယ်​တည်း​ဟူ​သော ကြွေး​ကို​ပင် ငါ့​အား​ဆပ်​ပေး​ရ​သော​အ​ကြောင်း​ရှိ​သည်​ဟု ငါ​မ​ဆို။- 20အ​ချင်း​ငါ့​ညီ၊ သ​ခင်​ဘု​ရား၌ ငါ့​ကို ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ်​တော်၌ ငါ့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ပါ​လော့။- 21သင်​သည်​နား​ထောင်​မည်​ဟု ယုံ​မှား​ခြင်း​မ​ရှိ​သည် သာ​မ​က၊ ငါ​ပြော​သည်​ထက် သာ၍​ပြု​မည်​ဟု အ​မှန်​သိ​လျက် ငါ​ရေး​လိုက်​ပါ၏။- 22ထို​မှ​တစ်​ပါး၊ ငါ​တည်း​ခို​စ​ရာ​အ​ရပ်​ကို​လည်း ပြင်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဆု​တောင်း ပ​တ္ထ​နာ​ပြု​သော​အား​ဖြင့် သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။
နောက်​ဆုံး​နှုတ်​ဆက်​ခြင်း
23ယေ​ရှု​ခ​ရစ်​ကြောင့် ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော ဧ​ပ​ဖြ​မှ စ၍၊- 24ငါ၏ လုပ်​ဖော်​ဆောင်​ဖက် မာ​ကု၊ အာ​ရိ​တ္တာ​ခု၊ ဒေ​မ၊ လု​ကာ​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။- 25ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၏ စိတ်​ဝိ​ညာဉ်​နှင့်​အ​တူ ရှိ​ပါ​စေ​သ​တည်း။ အာ​မင်။
ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဖိလေမုန် 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ