YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 6:1-8

တောလည်ရာ 6:1-8 JBMLE

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို​ရှောင်​ရ​မည်။ စ​ပျစ်​ရည်​ချဉ်​နှင့် ယစ်​မျိုး​ချဉ်​ကို​လည်း မ​သောက်​ရ။ စ​ပျစ်​သီး​ဖြင့်​လုပ်​သော​အ​ရည်​ကို အ​လျှင်း​မ​သောက်​ရ။ စ​ပျစ်​သီး အ​စိမ်း​အ​ခြောက်​ကို​လည်း မ​စား​ရ။ ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး စ​ပျစ်​သီး​အ​ဆန်၊ စ​ပျစ်​သီး​အ​ခွံ​မှ​စ၍ စ​ပျစ်​ပင်​က​ဖြစ်​သ​မျှ​ကို မ​စား​ရ။ ခြား​နား​ခြင်း​သ​စ္စာ​စောင့်​သော​ကာ​လ​ပတ်​လုံး၊ ဦး​ဆံ​ကို​မ​ရိတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော ကာ​လ​မ​စေ့​မီ​တိုင်​အောင် သူ​သည် သန့်​ရှင်း​ရ​သ​ဖြင့်၊ မိ​မိ​ဆံ​ပင်​ကို အ​လို​အ​လျောက်​တိုး​ပွား​စေ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော​ကာ​လ​ပတ်​လုံး၊ အ​သေ​ကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။ သူ၏​ဘု​ရား​သ​ခင်​အ​ဖို့ သူ၏​ခေါင်း​ကို ခြား​နား​စေ​သော​ကြောင့်၊ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော်​လည်း ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။ ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။