YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 4

4
ကော​ဟတ်​အ​နွယ်​၏​တာ​ဝန်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ 2-3လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။ 4အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​နှင့်​ဆိုင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ စောင့်​ရှောက်​ရ​သော​အ​မှု​ဟူ​မူ​ကား၊ 5တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်​လာ၍၊ အ​တွင်း​ကု​လား​ကာ​ကို​ချ​ပြီး​လျှင်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို အုပ်​ရ​မည်။ 6ကု​လား​ကာ​အ​ပေါ်​မှာ တ​ဟာ​ရှ​သား​ရေ​နှင့် အုပ်​ပြန်၍ သား​ရေ​အ​ပေါ်​မှာ​လည်း ပြာ​သော​အ​ထည်​ကို​ခင်း​ပြီး​မှ၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။ 7ရှေ့​တော်​မုန့်​စား​ပွဲ​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ လင်​ပန်း၊ ဇွန်း၊ လောင်း​စ​ရာ​ဖ​လား​များ​နှင့်​တ​ကွ၊ အ​မြဲ​ထည့်​ရ​သော​မုန့်​ကို​တင်​ပြီး​မှ၊ 8ထို​အ​ရာ​တို့​ကို၊ နီ​သော​အ​ထည်​နှင့် အုပ်​ရ​မည်။ တစ်​ဖန် တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြန်၍ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။ 9မီး​ထွန်း​ရာ မီး​ခုံ၊ မီး​ခွက်၊ မီး​ညှပ်၊ မီး​ညှပ်​ခံ​ရာ​ခွက်၊ ဆီ​အိုး​အ​စ​ရှိ​သည်​တို့​ကို ပြာ​သော​အ​ထည်​နှင့်​အုပ်​ပြီး​မှ၊ 10ထို​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ တ​ဟာ​ရှ​သား​ရေ​အိတ်​ထဲ၌​သွင်း​ထား၍၊ ထမ်း​ပိုး​ကို​တပ်​ရ​မည်။ 11ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​လျှင်၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။ 12သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပြာ​သော​အ​ထည်​အိတ်​ထဲ၌ သွင်း​ထား၍၊ တ​ဟာ​ရှ​သား​ရေ​ဖြင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​ကို​တပ်​ရ​မည်။ 13ယဇ်​ပ​လ္လင်​မှ​ပြာ​ကို​ပယ်​ရှင်း၍ ပ​လ္လင်​ပေါ်​မှာ မောင်း​သော​အ​ထည်​ကို ခင်း​ပြီး​လျှင်၊ 14ထို​ပ​လ္လင်​နှင့်​ဆိုင်​သော အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တည်း​ဟူ​သော​လင်​ပန်း၊ အ​မဲ​သား​ချိတ်၊ တူး​ရွင်း​ပြား၊ အင်​တုံ​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို တင်၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။ 15ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။
16ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား ဧ​လာ​ဇာ၏​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​ဟူ​မူ​ကား၊ မီး​ထွန်း​စ​ရာ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ နေ့​ရက်​အ​စဉ်​အ​တိုင်း​ဆက်​ကပ်​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ လိမ်း​ရန်​ဆီ အ​စ​ရှိ​သော​တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​မည်။
17တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ 18ကော​ဟတ်​အ​ဆွေ​အ​မျိုး​အ​နွယ်​သား​တို့​ကို လေ​ဝိ​သား​စု​ထဲ​က မ​ပယ်​မ​ဖြတ်​နှင့်။ 19သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို ချဉ်း​ကပ်​သော​အ​ခါ သေ​ဘေး​လွတ်၍ အ​သက်​ရှင်​မည်​ဖြစ်​ကြောင်း အာ​ရုန်​နှင့် သူ၏​သား​တို့​သည် အ​ရင်​ဝင်၍ လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​တို့​ကို​ခွဲ​ခန့်​ရ​မည်။ 20သို့​ရာ​တွင် သန့်​ရှင်း​သော​အ​ရာ​တို့​ကို​ဖုံး​အုပ်​စဉ်​အ​ခါ ကော​ဟတ်​သား​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ထဲ​သို့​ဝင်၍​မ​ကြည့်​ရ​ဟု မိန့်​တော်​မူ၏။
ဂေ​ရ​ရှုန်​အ​နွယ်၏​တာ၀န်
21တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 22-23ဂေ​ရ​ရှုန်​အ​နွယ်​သား​တို့​တွင်၊ အ​သက်​သုံး​ဆယ်​လွန်၍​ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ခြင်း​ငှာ အ​လုံး​အ​ရင်း​ဝင်​သော သူ​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။ 24ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​တို့​သည် စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​ဟူ​မူ​ကား၊ 25အ​တွင်း​တဲ​တော်​ကု​လား​ကာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကု​လား​ကာ၊ အ​ပေါ်​တဲ၊ တ​ဟာ​ရှ​သား​ရေ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာတဲ​တော် တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊ 26တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကု​လား​ကာ၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ၊ ကြိုး​များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ 27ဂေ​ရ​ရှုန်​သား​များ​အ​မှု​စောင့်​လေ​ရာ​ရာ၊ ဝန်​ထမ်း​လေ​ရာ​ရာ၌၊ အာ​ရုန်​နှင့်​သူ၏​သား​တို့ ခွဲ​ခန့်​စီ​ရင်​သည်​အ​တိုင်း ဆောင်​ရွက်​ရ​ကြ​မည်။ 28ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည် သူ​တို့​ကို​အုပ်​ရ​မည်။
မေ​ရာ​ရိ​သား​တို့​၏​တာ၀န်
29-30မေ​ရာ​ရိ​သား​တို့​တွင်​လည်း၊ အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။ 31သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​ဟူ​မူ​ကား၊ တဲ​တော်​ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်၊ 32ဝင်း​တိုင်၊ ခြေ​စွပ်​တံ​သင်၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ သူ​တို့​ထမ်း​ရွက်​ရ​သော​တန်​ဆာ​တို့​ကို အ​မည်​မှတ်၍​ရေ​တွက်​ရ​မည်။ 33ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်၍၊ ပ​ရိ​သတ်​အ​စည်း​ဝေး​ရာ​တဲ​တော်၌ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော အ​မှု​ပေ​တည်း။
လေ​ဝိ​အ​နွယ်​၏​လူ​ဦး​ရေ
34-36မော​ရှေ​နှင့်​အာ​ရုန် အ​စ​ရှိ​သော​ပ​ရိ​သတ်​သူ​ကြီး​တို့​သည် ကော​ဟတ်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား၊ နှစ်​ထောင်​ခု​နစ်​ရာ​ငါး​ဆယ် ရှိ​သ​တည်း။ 37ဤ​သူ​တို့​သည်​မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။
38-40ဂေ​ရ​ရှုန်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား နှစ်​ထောင်​ခြောက်​ရာ​သုံး​ဆယ်​ရှိ​သ​တည်း။ 41ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​နေ​ရ​သော ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။
42-44မေ​ရာ​ရိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော သူ​အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား သုံး​ထောင်​နှစ်​ရာ ရှိ​သ​တည်း။ 45ဤ​သူ​တို့​သည် မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည် ရေ​တွက်​သော မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။
46-48ထို​သို့​နှင့်​အ​ညီ၊ လေ​ဝိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​တော်​ကို​စောင့်၍ ဝန်​များ​ကို​ထမ်း​ခြင်း​ငှာ ဝင်​သော​သူ​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် မော​ရှေ​နှင့်​အာ​ရုန် အ​စ​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သူ​ကြီး​တို့​သည်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား ရှစ်​ထောင်​ငါး​ရာ​ရှစ်​ဆယ် ရှိ​သ​တည်း။ 49မော​ရှေ၌​ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​အ​တိုင်း လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ အ​သီး​အ​သီး​ထမ်း​ရ​သော​ဝန်​တို့​ကို ထောက်၍ မော​ရှေ​ရေ​တွက်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ