YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 27:12-23

တောလည်ရာ 27:12-23 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဤ​အာ​ဗ​ရိမ်​တောင်​ပေါ်​သို့ တက်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်​ရှု​လော့။ သို့​ပြီး​မှ၊ သင်၏​အစ်​ကို​အာ​ရုန်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​သ​ကဲ့​သို့၊ သင်​သည်​လည်း​သွား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ရိ​သတ်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​အ​ရပ်၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ရုန်း​ရင်း​ခတ်​ပြု​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​စ​ကား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ သူ​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော အ​ပြစ်​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တို့​သည် အ​ထိန်း​မ​ရှိ​သော သိုး​ကဲ့​သို့ မ​ဖြစ်​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​ပ​ရိ​သတ်​တို့​ရှေ့၌ ထွက်​ဝင်​နိုင်​သော​သူ၊ ပြင်​သို့​ထုတ်​ခြင်း၊ အ​တွင်း​သို့​သွင်း​ခြင်း​အ​မှု​ကို တတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို သူ​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​ပါ​စေ​သော​ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဝိ​ညာဉ်​တော်​ကို​ရ​သော နုန်၏​သား​ယော​ရှု​ကို​ခေါ်၍၊ သင်၏​လက်​ကို သူ့​အ​ပေါ်​မှာ​တင်​လော့။ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ သူ၏​စ​ကား​ကို နား​ထောင်​မည်​အ​ကြောင်း၊ သင်၏​ဘုန်း​အ​သ​ရေ​အ​ချို့​ကို သူ့​အ​ပေါ်၌​တင်​ထား​လော့။ ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊ သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။