YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 27:12-23

တောလည်ရာ 27:12-23 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဤ​အာ​ဗ​ရိမ်​တောင်​ပေါ်​သို့ တက်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်​ရှု​လော့။ သို့​ပြီး​မှ၊ သင်၏​အစ်​ကို​အာ​ရုန်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​သ​ကဲ့​သို့၊ သင်​သည်​လည်း​သွား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ရိ​သတ်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​အ​ရပ်၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ရုန်း​ရင်း​ခတ်​ပြု​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​စ​ကား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ သူ​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော အ​ပြစ်​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တို့​သည် အ​ထိန်း​မ​ရှိ​သော သိုး​ကဲ့​သို့ မ​ဖြစ်​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​ပ​ရိ​သတ်​တို့​ရှေ့၌ ထွက်​ဝင်​နိုင်​သော​သူ၊ ပြင်​သို့​ထုတ်​ခြင်း၊ အ​တွင်း​သို့​သွင်း​ခြင်း​အ​မှု​ကို တတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို သူ​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​ပါ​စေ​သော​ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဝိ​ညာဉ်​တော်​ကို​ရ​သော နုန်၏​သား​ယော​ရှု​ကို​ခေါ်၍၊ သင်၏​လက်​ကို သူ့​အ​ပေါ်​မှာ​တင်​လော့။ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ သူ၏​စ​ကား​ကို နား​ထောင်​မည်​အ​ကြောင်း၊ သင်၏​ဘုန်း​အ​သ​ရေ​အ​ချို့​ကို သူ့​အ​ပေါ်၌​တင်​ထား​လော့။ ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊ သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။

တောလည်ရာ 27:12-23 Common Language Bible (BCL)

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အာ​ဗ ရိမ်​တောင်​ပေါ်​သို့​တက်​၍​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​မည့်​ပြည်​ကို​မျှော်​ကြည့်​လော့။- အာ​ရုန်​အ​နိစ္စ​ရောက်​သ​ကဲ့​သို့​သင်​သည် ထို ပြည်​ကို​မျှော်​ကြည့်​ပြီး​သော​အ​ခါ​၌ အ​နိစ္စ​ရောက်​လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​၌​ငါ​၏​အ​မိန့်​ကို​ဖီ​ဆန် သော​ကြောင့်​ဖြစ်​၏။ မေ​ရိ​ဘ​အ​ရပ်​တွင်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငါ့​အား အ​ပြစ်​တင်​၍​ညည်း​တွား​ကြ​သော​အ​ခါ သင် တို့​သည်​သူ​တို့​ရှေ့​တွင်​ငါ​၏​တန်​ခိုး​တော်​ကို မ​ထီ​လေး​စား​ပြု​မူ​ခဲ့​ကြ​၏'' ဟု​မိန့်​တော် မူ​သည်။ (မေ​ရိ​ဘ​သည်​ဇိ​န​တော​ကန္တာ​ရ​ရှိ ကာ​ဒေ​ရှ​အ​ရပ်​၌​တည်​ရှိ​သော​စမ်း​ရေ ပေါက်​ကို​ဆို​လို​သည်။) ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား၊ ``အ​သက်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှင်၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​သည်​သိုး​ထိန်း​မ​ရှိ​သော​သိုး များ​ကဲ့​သို့ အား​ကိုး​ရာ​မဲ့​မ​ဖြစ်​စေ​ခြင်း​ငှာ သူ​တို့​ကို​ခေါင်း​ဆောင်​၍၊- တိုက်​ပွဲ​များ​၌​ဦး​စီး​နိုင်​သူ​တစ်​ဦး​ကို​ခန့် ထား​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။- ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​လူ​အ​ပေါင်း​တို့ ရှေ့​တွင် သူ့​ကို​ရပ်​စေ​၍​သင့်​ကို​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လော့။- ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​သူ ၏​သြ​ဇာ​ကို​နာ​ခံ​ကြ​စေ​ခြင်း​ငှာ သင်​၏ အာ​ဏာ​အ​ချို့​ကို​သူ့​အား​လွှဲ​အပ်​ပေး​လော့။- ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​ဥ​ရိမ်​နှင့် သု​မိန်​ကို​အ​သုံး​ပြု​၍ ငါ​၏​အ​လို​တော်​ကို သိ​နိုင်​မည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ဧ​လာ​ဇာ ကို​အား​ကိုး​မည်။ ဤ​နည်း​အား​ဖြင့်​ဧ​လာ​ဇာ သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို အ​ရေး​ကိစ္စ​ရှိ​သ​မျှ​တို့​၌​သွန် သင်​လမ်း​ပြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။- ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း ယော​ရှု​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​၍​မိ​မိ​အား​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လေ​၏။

တောလည်ရာ 27:12-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​အာဗရိမ်​တောင်​ပေါ်သို့ တက်သွား​၍ အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်ရှု​လော့​။ ထို​ပြည်​ကို​ကြည့်ရှု​ပြီး​သောအခါ သင်​၏​အစ်ကို​အာရုန်​ကဲ့သို့ သင်​သည်​လည်း မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​မည်​။ အကြောင်းမူကား ဇိန​တောကန္တာရ​၌ လူထု​တို့​ပဋိပက္ခ​ဖြစ်​ကြ​စဉ်က သင်​တို့​သည် ငါ​၏​အမိန့်​ကို​ဖီဆန်​၍ ရေ​အနား​မှ ထို​သူ​တို့​၏​ရှေ့​၌ ငါ​သန့်ရှင်း​ကြောင်း အသိအမှတ်​မ​ပြု​ကြ​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ (​ထို​ရေ​ကား ဇိန​တောကန္တာရ​ရှိ ကာဒေရှ​အရပ်​မှ မေရိဘ​စမ်းရေ​ဖြစ်​၏​။​) ထိုအခါ မောရှေ​က ထာဝရဘုရား​အား “​လူသား​အပေါင်း​တို့​၏​အသက်ဝိညာဉ်​ကို​ပိုင်​တော်မူ​သော​ဘုရားသခင် ထာဝရဘုရား​သည် ဤ​လူထု​ကို​အုပ်စိုး​ရန် လူ​တစ်​ယောက်​ကို​ခန့်ထား​တော်မူ​ပါစေသော​။ ထာဝရဘုရား​၏​လူထု​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထို​သူ​သည် လူထု​ရှေ့​၌ ထွက်​ဝင်​နိုင်​သော​သူ​၊ ထို​သူ​တို့​ကို လမ်းပြ​ပို့ဆောင်​ပေး​နိုင်​သော​သူ ဖြစ်​ပါစေသော​”​ဟု တောင်းလျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း မောရှေ​အား “​နုန်​၏​သား​ယောရှု​၌ ဝိညာဉ်​တော်​တည်​၏​။ သူ့​ကို​ခေါ်​၍ သင့်​လက်​ကို သူ့​အပေါ်​တင်​လော့​။ သင်​သည် သူ့​ကို ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​အပေါင်း​တို့​၏​ရှေ့​၌ ရပ်​စေ​၍ သူ​တို့​ရှေ့မှောက်​၌ သူ့​ကို​မိန့်မှာ​လော့​။ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် သူ့​စကား​ကို​နားထောင်​မည့်​အကြောင်း သင်​၏​အခွင့်အာဏာ​အချို့​ကို သူ့​အား​ပေး​လော့​။ သူ​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​ရှေ့​၌ ရပ်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​က ဥရိမ်​၏​ဆုံးဖြတ်ချက်​ကို မေးမြန်း​ပေး​ရ​မည်​။ သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​လူထု​အပေါင်း​ဖြစ်​သည့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် သူ​၏​စီရင်ဆုံးဖြတ်ချက်​အတိုင်း သွား​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ယောရှု​ကို​ခေါ်​၍ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​အပေါင်း​တို့​ရှေ့​၌ ရပ်​နေ​စေ​၏​။ မိမိ​လက်​ကို ယောရှု​အပေါ် တင်​၍ မိမိ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယောရှု​အား မှာကြား​လေ​၏​။