YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 25

25
ပေ​ဂု​ရ​အ​ရပ်​တွင်၀တ်​ပြု​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​တ္တိမ်​အ​ရပ်၌ နေ​သော​အ​ခါ၊ အ​ချို့​တို့​သည် မော​ဘ​မိန်း​မ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ၏။ 2ထို​မိန်း​မ​တို့​သည် မိ​မိ​တို့​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​ရာ​ပွဲ​သို့ ဣ​သ​ရေ​လ​လူ​တို့​ကို ခေါ်​သွား​သ​ဖြင့်၊ ယောက်ျား​တို့​သည် ယဇ်​သား​ကို​စား၍ ထို​ဘု​ရား​ရှေ့​မှာ ဦး​ချ​ကြ၏။ 3ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ၏။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ​လွဲ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြစ်​မှား​သော​သူ​တို့​ကို ဘု​ရား​ရှေ့​မှာ​ထင်​ရှား​စွာ ဆွဲ​ထား​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 5မော​ရှေ​သည် ဣ​သ​ရေ​လ​မင်း​တို့​ကို​ခေါ်၍၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို သင်​တို့​အ​သီး​အ​သီး​ဆိုင်​သည်​အ​တိုင်း ကွပ်​မျက်​ကြ​လော့​ဟု မှာ​ထား​လေ၏။
6ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ယောက်​သည်၊ မော​ရှေ​ရှေ့၌​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ငို​ကြွေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌​လည်း​ကောင်း၊ မိ​ဒျန်​မိန်း​မ​ကို​လည်း၊ မိ​မိ​ညီ​အစ်​ကို​တို့ ထံ​သို့​ဆောင်​ခဲ့​လေ၏။ 7ထို​အ​မှု​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား​ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည် မြင်​လျှင်၊ ပ​ရိ​သတ်​ထဲ​မှာ​ထ၍ လှံ​ကို​ကိုင်​လျက်၊ 8ထို​ဣ​သ​ရေ​လ​လူ​ကို တဲ​အ​တွင်း​သို့​လိုက်​ပြီး​မှ၊ ယောက်ျား​ကို ထုတ်​ချင်း​ခပ်​အောင်​လည်း​ကောင်း၊ မိန်း​မ​ကို​ဝမ်း​ပေါက်​အောင်​လည်း​ကောင်း ထိုး​လေ၏။ ထို​သို့​ပြု​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ဘေး​ငြိမ်း​လေ၏။ 9ထို​ဘေး​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ နှစ်​သောင်း​လေး​ထောင် ရှိ​သ​တည်း။
10-11ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​အ​မျက်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​ဖျက်​ဆီး​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား၊ ဧ​လာ​ဇာ၏​သား၊ ဖိ​န​ဟတ်​သည် သူ​တို့​တွင် ငါ့​ဘက်၌​စိတ်​အား​ကြီး၍ ငါ့​အ​မျက်​ကို​သူ​တို့​မှ​လွှဲ​ပြီ။ 12သို့​ဖြစ်၍​သင်​ပြော​ရ​သည်​ကား၊ ငါ၏​ချမ်း​သာ​ပ​ဋိ​ညာဉ်​ကို သူ့​အား​ငါ​ပေး၏။ 13သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သော​ကြောင့်၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထို​ပ​ဋိ​ညာဉ်​တည်း​ဟူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော ပ​ဋိ​ညာဉ်​ကို​ရ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 14မိ​ဒျန်​မိန်း​မ​နှင့် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော ဣ​သ​ရေ​လ​လူ၏​အ​မည်​ကား၊ ရှိ​မောင်​အ​မျိုး၌​ထင်​ရှား​သော အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​သာ​လု၏​သား ဇိ​မ​ရိ​ဖြစ်​သ​တည်း။ 15အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော မိ​ဒျန်​မိန်း​မ​အ​မည်​ကား၊ မိ​ဒျန်​အ​မျိုး၌ ထင်​ရှား​သော​အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​ဇု​ရ၏​သ​မီး ကော​ဇ​ဘိ​ဖြစ်​သ​တည်း။
16ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မိ​ဒျန်​အ​မျိုး​သား​တို့​ကို နှောင့်​ယှက်၍ လုပ်​ကြံ​ကြ​လော့။ 17-18အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပေ​ဂု​ရ​ဘု​ရား​အ​မှု၌​လည်း​ကောင်း၊ ပေ​ဂု​ရ​ဘု​ရား​ကြောင့် ဘေး​ရောက်​သော​နေ့၌ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​နှ​မ မိ​ဒျန်​မင်း​သ​မီး​ကော​ဇ​ဘိ​အ​မှု၌​လည်း​ကောင်း၊ သင်​တို့​ကို​ပ​ရိ​ယာယ်​များ​အား​ဖြင့် လှည့်​စား​နှောင့်​ယှက်​ကြ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ