YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 22:21-31

တောလည်ရာ 22:21-31 JBMLE

နံ​နက်​ရောက်​မှ ဗာ​လမ်​ထ၍ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​နှင့်​အ​တူ လိုက်​လေ၏။ ထို​သို့​လိုက်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​အ​မျက်​တော်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဆီး​တား​ခြင်း​ငှာ လမ်း၌​ရပ်​နေ၏။ ထို​အ​ခါ ဗာ​လမ်​သည် မြည်း​ကို​စီး၍ ငယ်​သား​နှစ်​ယောက်​နှင့် သွား​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌ ရပ်​နေ​သည်​ကို မြည်း​သည်​မြင်​လျှင်၊ လမ်း​လွှဲ၍ လယ်​သို့​ဝင်​လေ၏။ ဗာ​လမ်​လည်း မြည်း​ကို​လမ်း​သို့​ပြန်​စေ​ခြင်း​ငှာ ရိုက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ စ​ပျစ်​ဥ​ယျာဉ်​စောင်​ရန်း​နှစ်​ဘက်​စပ်​ကြား​လမ်း၌ တစ်​ဖန်​ရပ်​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မြည်း​သည်​မြင်​ပြန်​သော​အ​ခါ၊ စောင်​ရန်း​တစ်​ဖက်၌​တိုး၍ ဗာ​လမ်၏​ခြေ​ကို ဖိ​လေ၏။ ဗာ​လမ်​လည်း တစ်​ဖန်​ရိုက်​ပြန်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် လွန်​သွား၍ လမ်း​တစ်​ဖက်​ဖက်​မျှ မ​လွှဲ​နိုင်​အောင် ကျဉ်း​မြောင်း​သော​အ​ရပ်၌ ရပ်​နေ၏။ မြည်း​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ကို မြင်​ပြန်​သော​အ​ခါ၊ ဗာ​လမ်​အောက်၌ ဝပ်​လျက်​နေ၏။ ဗာ​လမ်​သည်​အ​မျက်​ထွက်၍ တောင်​ဝှေး​နှင့် မြည်း​ကို​ရိုက်​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မြည်း၏​နှုတ်​ကို​ဖွင့်​တော်​မူ၍၊ မြည်း​က သင်​သည် ငါ့​ကို​သုံး​ကြိမ်​တိုင်​အောင် ရိုက်​ရ​မည်​အ​ကြောင်း၊ ငါ​သည်​သင်၌ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု ဗာ​လမ်​အား​မေး​လျှင်၊ ဗာ​လမ်​က၊ သင်​သည် ငါ့​ကို​ကျီ​စား​ပါ​သည်​တ​ကား။ ငါ၌​ဓား​ရှိ​ပါ​စေ​သော။ ဓား​ရှိ​လျှင် သင့်​ကို​ယ​ခု​သတ်​မည်​ဟု မြည်း​အား​ဆို၏။ မြည်း​က​လည်း၊ ငါ​သည်​ယ​နေ့​တိုင်​အောင် သင်၏​အ​စီး​ကို အ​စဉ်​ခံ​ရ​သော သင်၏​မြည်း​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၌​တစ်​ခါ​မျှ ဤ​သို့​ငါ​ပြု​ဖူး​သ​လော​ဟု ဗာ​လမ်​အား​မေး​လျှင်၊ မ​ပြု​ဘူး​ဟု ပြန်​ပြော၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​မျက်​စိ​ကို​ဖွင့်​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌​ရပ်​နေ​သည်​ကို ဗာ​လမ်​သည်​မြင်​သ​ဖြင့် ဦး​ချ၍​ပျပ်​ဝပ်​လေ၏။