YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 21

21
ခါ​နာန်​အ​မျိုး​သား​ကို​အောင်​မြင်​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး​သည် အ​သ​ရိမ်​လမ်း​ဖြင့် လာ​ကြ​သည်​သ​တင်း​ကို တောင်​မျက်​နှာ၌​နေ​သော ခါ​နာန်​အ​မျိုး အာ​ရဒ်​မင်း​ကြီး​ကြား​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍ လူ​အ​ချို့​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​လေ၏။#တော၊ ၃၃:၄၀။ 2ဣ​သ​ရေ​လ​အ​မျိုး​က​လည်း၊ ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို အ​ကျွန်ုပ်​တို့​လက်​သို့ အပ်​တော်​မူ​လျှင်၊ သူ​တို့​မြို့​များ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​လေ၏။ 3ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ စ​ကား​ကို​နား​ထောင်၍၊ ထို​ခါ​နာန်​အ​မျိုး​သား​တို့​ကို အပ်​တော်​မူ၏။ သူ​တို့​နှင့် သူ​တို့​မြို့​များ​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ထို​အ​ရပ်​ကို ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။
ကြေး​ဝါ​မြွေ​ရုပ်
4ဟော​ရ​တောင်​မှ​ထွက်၍ ဧ​ဒုံ​ပြည်​ကို​ဝိုင်း​ခြင်း​ငှာ၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် ချီ​သွား​ကြ​စဉ်၊ အ​သွား​ခက်​သော​ကြောင့်၊ လူ​များ​တို့​သည် စိတ်​အား​လျော့​ကြ၍၊#တ​ရား၊ ၂:၁။ 5သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။ 6ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မီး​မြွေ​များ​ကို စေ​လွှတ်​တော်​မူ၍၊ လူ​အ​များ​တို့​သည် အ​ကိုက်​ခံ​ရ​သ​ဖြင့်​သေ​ကြ၏။#၁​ကော၊ ၁၀:၉။ 7ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။ 8ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​မြွေ​ရုပ်​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​လော့။ အ​ကိုက်​ခံ​ရ​သော​သူ​တိုင်း ကြည့်​ရှု​လျှင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ 9မော​ရှေ​သည် ကြေး​ဝါ​ဖြင့်​မြွေ​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​ပြီး​လျှင်၊ မြွေ​ကိုက်​သော​သူ​မည်​သည်​ကား၊ ကြေး​ဝါ​မြွေ​ကို​ကြည့်​ရှု​သော​အ​ခါ အ​သက်​ချမ်း​သာ​ရ​ကြ၏။#၄ ရာ၊ ၁၈:၄၊ ယော၊ ၃:၁၄။
မော​ဘ​သို့​ခ​ရီး​ဆက်​ခြင်း
10တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရာ​ပြောင်း၍ ဩ​ဗုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ 11ဩ​ဗုတ်​အ​ရပ်​မှ​ပြောင်း​ပြန်၍၊ နေ​ထွက်​ရာ​ဘက်၊ မော​ဘ​ပြည်​ရှေ့​တွင်​ရှိ​သော​တော​မှာ၊ ဣ​ဇာ​ဗာ​ရိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ 12ထို​အ​ရပ်​မှ​ပြောင်း၍၊ ဇာ​ရက်​ချောင်း​နား၌ စ​ခန်း​ချ​ကြ၏။ 13ထို​အ​ရပ်​မှ​တစ်​ဖန် ပြောင်း​ပြန်၍၊ အာ​မော​ရိ​ပြည်​နယ်​နှင့်​စပ်​သော တော၌​ရှိ​သော အာ​နုန်​ချောင်း​နား​တစ်​ဖက်​တစ်​ချက်၌ စ​ခန်း​ချ​ကြ၏။ အာ​နုန်​ချောင်း​ကား၊ မော​ဘ​ပြည်၊ အာ​မော​ရိ​ပြည်​စပ်​ကြား အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။ 14ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​စစ်​တိုက်​စာ၌​ကား၊ ဇာ​ရက်​အ​ရပ်၊ သု​ပ​အ​ရပ်၊ အာ​နုန်​ချောင်း​တို့၊ 15အာ​ရ​ပြည်​သို့​စီး၍ မော​ဘ​ပြည်​အ​နား၌ လျှောက်​သွား​သော ချောင်း​အ​သွယ်​သွယ်​ဟု လာ​သ​တည်း။ 16အာ​နုန်​ချောင်း​မှ ဗေ​ရ​ရေ​တွင်း​သို့ ခ​ရီး​သွား​ကြ၏။ ထို​ရေ​တွင်း​ကား အ​ခြား​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​ကို​စု​ဝေး​စေ​လော့၊ ရေ​ကို​ငါ​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​ရာ၌ ရည်​ဆောင်​သော ရေ​တွင်း​ဖြစ်​သ​တည်း။ 17ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​က၊ အို​တွင်း​ရေ၊ ထွက်​လော့။ ထွက်​အောင် သီ​ချင်း​ဆို​ကြ​လော့။ 18တ​ရား​မင်း​စီ​ရင်​သည်​အ​တိုင်း၊ မှူး​မတ်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ​ပြီ။ လူ​တို့​တွင် အ​ကဲ​အ​မှူး​တို့​သည် တောင်​ဝှေး​တို့​နှင့် ရေ​တွင်း​ကို​တူး​ကြ​ပြီ​ဟု သီ​ချင်း​ဆို​လေ၏။ 19ထို​တော​မှ မ​တ္တ​နာ​အ​ရပ်​သို့​လည်း​ကောင်း၊ မ​တ္တ​နာ​အ​ရပ်​မှ န​ဟာ​လျေ​လ​အ​ရပ်​သို့​လည်း​ကောင်း၊ န​ဟာ​လျေ​လ​အ​ရပ်​မှ ဗာ​မုတ်​အ​ရပ်​သို့​လည်း​ကောင်း၊ 20ဗာ​မုတ်​အ​ရပ်​မှ မော​ဘ​ချိုင့်​သို့​လည်း​ကောင်း၊ ယေ​ရှိ​မုန်​မြို့​ကို မျက်​နှာ​ပြု​သော ပိ​သ​ဂါ​တောင်​ထိပ်​သို့​လည်း​ကောင်း ခ​ရီး​သွား​ကြ၏။
ရှိ​ဟုန်မင်း​ကို​အောင်​ခြင်း
(တရား၊ ၂:၂၆-၃၇)
21ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊ 22အ​ကျွန်ုပ်​တို့​သည် မင်း​ကြီး​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​သို့​လည်း​ကောင်း မ​ဝင်​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ မင်း​ကြီး ပြည်​ကို​မ​လွန်​မီ​တိုင်​အောင်၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု အ​ခွင့်​တောင်း​ကြ၏။ 23ထို​ပြည်​အ​လယ်၌ လျှောက်​သွား​ရ​သော​အ​ခွင့်​ကို၊ ရှိ​ဟုန်​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ပေး။ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆီး​တား​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​တော​သို့​ထွက်၍ ယာ​ဟတ်​မြို့​သို့ ရောက်​ပြီး​လျှင် စစ်​တိုက်​လေ၏။ 24ထို​မင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍၊ အာ​နုန်​ချောင်း​မှ​သည် ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​နေ​ရာ​တိုင်​အောင်​လည်း​ကောင်း၊ ထို​မင်း​ပိုင်​သော​မြေ​ကို သိမ်း​ယူ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား နေ​ရာ​နယ်​စပ်​ကား အား​ကြီး၏။ 25ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ အာ​မော​ရိ​အ​မျိုး​သား​နေ​သော မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ၍​နေ​ကြ၏။ 26ဟေ​ရှ​ဘုန်​မြို့​ကား၊ မော​ဘ​ပြည်​ကို​အ​စိုး​ရ​သော အ​ရင်​ရှင်​ဘု​ရင်​နှင့် စစ်​တိုက်၍ အာ​နုန်​ချောင်း​တိုင်​အောင် ပြည်​ကို​လု​ယူ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​မင်း​နေ​သော​မြို့​ဖြစ်​သ​တည်း။ 27ထို​အ​ကြောင်း​ကို​ရည်​ဆောင်၍ လင်္ကာ​ဆ​ရာ​တို့​က၊ ဟေ​ရှ​ဘုန်​မြို့​သို့​သွား၍ တစ်​ဖန်​တည်​ကြ​စို့။ ရှိ​ဟုန်​ဘု​ရင်​နေ​သော​မြို့​ကို ပြင်​ဆင်​ကြ​စို့။ 28ရှိ​ဟုန်​ဘု​ရင်​နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်၍ မော​ဘ​ပြည်​အာ​ရ​မြို့​နှင့်​တ​ကွ၊ အာ​နုန်​ချောင်း​နား၊ မြင့်​သော​အ​ရပ်၌ အ​စိုး​ရ​သော​မင်း​တို့​ကို လောင်​လေ​ပြီ။ 29အို​မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို​ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ ပြေး​ရ​သော​မိ​မိ​သား​သ​မီး​တို့​ကို အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​လက်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​သည် အ​ခွင့်​ပေး​ပြီ​တ​ကား။#ယေ၊ ၄၈:၄၅-၄၆။ 30တစ်​ဖန်​ငါ​တို့​သည် အာ​မော​ရိ​သား​တို့​ကို တိုက်​ပြန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​ပြည်​သည် ဒိ​ဘုန်​မြို့​တိုင်​အောင် ပျက်​လေ​ပြီ။ မေ​ဒ​ဘ​မြို့​နှင့်​နီး​စပ်​သော နော​ဖာ​မြို့​တိုင်​အောင် သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​ပြီ​ဟု ဆို​သ​တည်း။
ဗာရှန်မင်း​ကို​အောင်​ခြင်း
(တရား၊ ၃:၁-၁၁)
31ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်၌ နေ​ရ​ကြ၏။ 32မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။
33တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်၍၊ ဗာ​ရှန်​ပြည်​သို့ ခ​ရီး​သွား​ကြ၏။ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​သည်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့် ဧ​ဒြိ​အ​ရပ်​မှာ​စစ်​တိုက်​ခြင်း​ငှာ ချီ​သွား၏။ 34ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ၏​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌ ငါ​အပ်​ပေး​ပြီ။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​ကို ပြု​သ​ကဲ့​သို့၊ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ 35ထို​မင်း​နှင့်​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​လုပ်​ကြံ၍ သူ၏​ပြည်​ကို​သိမ်း​ယူ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ