YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 21:4-9

တောလည်ရာ 21:4-9 JBMLE

ဟော​ရ​တောင်​မှ​ထွက်၍ ဧ​ဒုံ​ပြည်​ကို​ဝိုင်း​ခြင်း​ငှာ၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် ချီ​သွား​ကြ​စဉ်၊ အ​သွား​ခက်​သော​ကြောင့်၊ လူ​များ​တို့​သည် စိတ်​အား​လျော့​ကြ၍၊ သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မီး​မြွေ​များ​ကို စေ​လွှတ်​တော်​မူ၍၊ လူ​အ​များ​တို့​သည် အ​ကိုက်​ခံ​ရ​သ​ဖြင့်​သေ​ကြ၏။ ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​မြွေ​ရုပ်​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​လော့။ အ​ကိုက်​ခံ​ရ​သော​သူ​တိုင်း ကြည့်​ရှု​လျှင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ကြေး​ဝါ​ဖြင့်​မြွေ​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​ပြီး​လျှင်၊ မြွေ​ကိုက်​သော​သူ​မည်​သည်​ကား၊ ကြေး​ဝါ​မြွေ​ကို​ကြည့်​ရှု​သော​အ​ခါ အ​သက်​ချမ်း​သာ​ရ​ကြ၏။