YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 21:4-9

တောလည်ရာ 21:4-9 Judson Bible (JBMLE)

ဟော​ရ​တောင်​မှ​ထွက်၍ ဧ​ဒုံ​ပြည်​ကို​ဝိုင်း​ခြင်း​ငှာ၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် ချီ​သွား​ကြ​စဉ်၊ အ​သွား​ခက်​သော​ကြောင့်၊ လူ​များ​တို့​သည် စိတ်​အား​လျော့​ကြ၍၊ သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မီး​မြွေ​များ​ကို စေ​လွှတ်​တော်​မူ၍၊ လူ​အ​များ​တို့​သည် အ​ကိုက်​ခံ​ရ​သ​ဖြင့်​သေ​ကြ၏။ ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​မြွေ​ရုပ်​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​လော့။ အ​ကိုက်​ခံ​ရ​သော​သူ​တိုင်း ကြည့်​ရှု​လျှင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ကြေး​ဝါ​ဖြင့်​မြွေ​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​ပြီး​လျှင်၊ မြွေ​ကိုက်​သော​သူ​မည်​သည်​ကား၊ ကြေး​ဝါ​မြွေ​ကို​ကြည့်​ရှု​သော​အ​ခါ အ​သက်​ချမ်း​သာ​ရ​ကြ၏။

တောလည်ရာ 21:4-9 Common Language Bible (BCL)

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊- ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​တို့​အား​ပြစ်​တင်​ပြော ဆို​ကြ​လေ​သည်။ သူ​တို့​က``အ​စာ​ရေ​စာ​မ​ရှိ သည့်​ဤ​တော​ကန္တာ​ရ​တွင်​သေ​စေ​ရန် အ​ဘယ် ကြောင့် အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ခေါ် ဆောင်​လာ​ပါ​သ​နည်း။ ဤ​ပေါ့​ပျက်​သော အ​စား​အ​စာ​ကို​လည်း အ​ကျွန်ုပ်​တို့​ငြီး ငွေ့​လာ​ပါ​ပြီ'' ဟု​ညည်း​ညူ​ကြ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။- ထို​ကြောင့်​လူ​များ​သည်​မော​ရှေ​ထံ​သို့​လာ ၍``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ် တော်​ကို ဆန့်​ကျင်​ပြော​ဆို​၍​ပြစ်​မှား​မိ​ပါ​ပြီ။ ဤ​မြွေ​များ​ကို​ဖယ်​ရှား​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် သူ​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​လေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား သတ္တု မြွေ​ရုပ်​ကို​ပြု​လုပ်​၍​တိုင်​ထိပ်​တွင်​တင်​ထား​ရန် ခိုင်း​စေ​တော်​မူ​၏။ မြွေ​ကိုက်​ခံ​ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ မည်​ဖြစ်​ကြောင်း​ဆင့်​ဆို​စေ​တော်​မူ​၏။- ထို့​ကြောင့်​မောရှေ​သည်​ကြေး​ဝါ​မြွေ​ရုပ်​ကို​ပြု လုပ်​၍ တိုင်​ထိပ်​တွင်​တင်​ထား​ရာ​မြွေ​ကိုက်​ခံ ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင်​အ​သက် ချမ်း​သာ​ရာ​ရ​လေ​၏။

တောလည်ရာ 21:4-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဧဒုံ​ပြည်​ကို​ရှောင်ကွင်း​သွား​ရန် ဟောရ​တောင်​မှ ထွက်ခွာ​၍ ပင်လယ်နီ​လမ်း​အတိုင်း ခရီးပြု​ကြ​ရာ လူ​တို့​သည် လမ်းခရီး​၌ စိတ်ပျက်အားလျော့​ကြ​၏​။ လူ​တို့​က “​မုန့်​မ​ရှိ​၊ ရေ​မ​ရှိ​သော ဤ​တောကန္တာရ​တွင် သေ​စေရန် အဘယ်ကြောင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သနည်း​။ အရသာ​ပေါ့ရွှတ်​သော​အစားအစာ​ကို​လည်း ငါ​တို့​ငြီးငွေ့လှ​ပြီ​”​ဟု ဘုရားသခင်​နှင့်​မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။ ထိုအခါ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ရှိ​ရာ​သို့ မီးမြွေ​များ​ကို စေလွှတ်​၏​။ ထို​မြွေ​တို့​သည် လူ​တို့​ကို​ကိုက်​သဖြင့် လူ​များစွာ​သေ​ကြ​၏​။ ထို့ကြောင့် လူ​တို့​သည် မောရှေ​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​လည်းကောင်း​၊ သခင့်​ကို​လည်းကောင်း ဆန့်ကျင်​ပြောဆို​၍ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ထို​မြွေ​များ​ကို အကျွန်ုပ်​တို့​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​”​ဟု ဆို​ကြ​သဖြင့် မောရှေ​သည် လူ​တို့​အတွက် ဆုတောင်း​ပေး​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​မီးမြွေ​ရုပ်​ကို​လုပ်​၍ တိုင်​ပေါ်၌​တင်​ထား​လော့​။ အကိုက်​ခံရ​သော​သူ​တိုင်း ထို​မြွေရုပ်​ကို​ကြည့်​လျှင် အသက်ချမ်းသာ​ရာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ မောရှေ​သည် ကြေးနီ​မြွေ​ရုပ်​ကို​လုပ်​၍ တိုင်​ပေါ်၌ တင်​ထား​လေ​၏​။ မြွေ​အကိုက်​ခံရ​သော​သူ​သည် ကြေးနီ​မြွေ​ရုပ်​ကို​ကြည့်​သောအခါ အသက်ချမ်းသာ​ရာ​ရ​၏​။