YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 19

19
နီ​သော​နွား​မ​ပျို
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​တို့​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊ 2အ​ပြစ်​မ​ပါ၊ တစ်​ခါ​မျှ​ထမ်း​ပိုး​မ​တင်၊ ကွက်​ကျား​ခြင်း​မ​ရှိ၊ အ​ဆင်း​နီ​သော နွား​မ​ပျို​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ 3ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၌​အပ်၍ တပ်​ပြင်​သို့​ဆောင်​သွား​ပြီး​မှ၊ သူ့​ရှေ့၌ အ​ခြား​သူ​သတ်​ရ​မည်။ 4ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည် အ​သွေး​ကို​လက်​နှင့်​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​စူး​စူး၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။ 5ယဇ်​ပု​ရော​ဟိတ်​ရှေ့​မှာ ထို​နွား​မ၏​အ​ရေ၊ အ​သား၊ အ​သွေး၊ ချေး​နု​နှင့်​တ​ကွ တစ်​ကောင်​လုံး​ကို အ​ခြား​သူ​သည်​မီး​ရှို့​ရ​မည်။ 6ယဇ်​ပု​ရော​ဟိတ်​သည်​လည်း အ​ကာ​ရှ​သစ်​သား၊ ဟုဿုပ်​ပင်​ညွန့်​နှင့် နီ​မောင်း​သော​အ​ထည်​ကို ယူ၍၊ နွား​မ​မီး​လောင်​ရာ​ထဲ​သို့ ပစ်​ချ​ရ​မည်။ 7ထို​နောက် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း​ရေ​ချိုး​ပြီး​မှ၊ တပ်​ထဲ​သို့​ဝင်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ 8မီး​ရှို့​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း ရေ​ချိုး​ပြီး​မှ၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ 9စင်​ကြယ်​သော​သူ​တစ်​စုံ​တစ်​ယောက်​သည် နွား​မ၏​ပြာ​ကို​စု​သိမ်း၍၊ တပ်​ပြင်​မှာ စင်​ကြယ်​သော​အ​ရပ်၌ ထား​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ဖို့ စင်​ကြယ်​စေ​သော​ရေ​ဖော်​ဖို့၊ ထို​ပြာ​ကို​သို​ထား​ရ​မည်။ အ​ပြစ်​နှင့် ကင်း​စင်​စ​ရာ​ဖို့ ဖြစ်​သ​တည်း။#ဟေ​ဗြဲ၊ ၉:၁၃။ 10နွား​မ၏​ပြာ​ကို စု​သိမ်း​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။
လူ​သေ၏အလောင်း​ကို​ကိုင်​မိ​ခြင်း
11လူ​သေ​ကောင်​ကို​ထိ​သော​သူ​သည် ခု​နစ်​ရက်​မ​စင်​ကြယ် ဖြစ်​လိမ့်​မည်။ 12သုံး​ရက်​မြောက်​သော​နေ့၌ ထို​ပြာ​နှင့် ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ စင်​ကြယ်​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​လျှင်၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တိုင်​အောင် မ​စင်​ကြယ်​ရ။ 13လူ​သေ​ကောင်​ကို​ထိ၍ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို ညစ်​ညူး​စေ၏။ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့် မ​စင်​ကြယ်​ဖြစ်၏။ စင်​ကြယ်​ခြင်း​သို့ မ​ရောက်​သေး။ 14တဲ၌​လူ​သေ​လျှင် စောင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ တဲ​သို့​ဝင်​သော​သူ၊ တဲ၌​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်​ဖြစ်​ကြ​လိမ့်​မည်။ 15မ​ဖုံး​ဘဲ​ဖွင့်​ထား​သော အိုး​ရှိ​သ​မျှ​တို့​သည်​လည်း မ​စင်​ကြယ်​ဖြစ်​ကြ​လိမ့်​မည်။ 16သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သေ​အ​ရိုး၊ လူ​သင်္ချိုင်း​ကို လယ်​ပြင်၌​တွေ့၍​ထိ​လျှင်၊ ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ 17မ​စင်​ကြယ်​သော​သူ​ဖို့ အ​ပြစ်​ကင်း​စေ​ရာ မီး​ရှို့​သော​နွား​မ၏ ပြာ​အ​ချို့​ကို​ယူ၍၊ စီး​သော​ရေ​နှင့်​အ​တူ အိုး၌​ထည့်​ပြီး​မှ၊ 18စင်​ကြယ်​သော​သူ​သည်၊ ဟုဿုပ်​ပင်​ညွန့်​ကို ရေ၌​နှစ်၍​တဲ​ပေါ်​မှာ​လည်း​ကောင်း၊ တန်​ဆာ​များ၊ တဲ၌​ရှိ​သော​လူ​များ​ပေါ်​မှာ​လည်း​ကောင်း၊ လူ​သေ​အ​ရိုး၊ သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သင်္ချိုင်း​ကို​ထိ​သော​သူ​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ရေ​ကို​ဖျန်း​ရ​မည်။ 19စင်​ကြယ်​သော​သူ​သည် မ​စင်​ကြယ်​သော​သူ​ကို သုံး​ရက်​မြောက်​သော​နေ့၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ဖျန်း​ရ​မည်။ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ရေ​ချိုး​လျှင်၊ ညဉ့်​ဦး​အ​ချိန်​တွင် စင်​ကြယ်​လိမ့်​မည်။ 20မ​စင်​ကြယ်​သော​သူ​သည် ကိုယ်​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ မ​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ မ​စင်​ကြယ်​ဘဲ​နေ၏။ 21အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဟူ​မူ​ကား၊ စင်​ကြယ်​သော​ရေ​ကို ဖျန်း​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​သော​သူ​လည်း၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ 22မ​စင်​ကြယ်​သော​သူ ထိ​သ​မျှ​သော​အ​ရာ​သည်​လည်း မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ထို​အ​ရာ​ကို​ထိ​သော​သူ​လည်း ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ