YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 16

16
ကော​ရ၊ ဒါ​သန်​နှ​င့် အ​ဘိ​ရံ
1လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​သား ဣ​ဇ​ဟာ၏​သား​ကော​ရ​သည်၊ ရု​ဗင်​အ​မျိုး​ဧ​လျာ​ဘ၏​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်၏​သား ဩ​န​တို့​ကို​ခေါ်​ပြီး​လျှင်၊#ယု၊ ၁၁။ 2ပ​ရိ​သတ်၌​ကျော်​စော၍ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ၊ အ​စည်း​အ​ဝေး၌ မင်း​ပြု​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ရာ​ငါး​ဆယ်​နှင့်​တ​ကွ၊ မော​ရှေ​ကို​ပုန်​ကန်၍၊ 3မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။ 4ထို​စ​ကား​ကို​မော​ရှေ​ကြား​လျှင် ပျပ်​ဝပ်​လျက်​နေ၏။ 5တစ်​ဖန် မော​ရှေ​က၊ အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ သန့်​ရှင်း​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ချဉ်း​ကပ်​စေ​မည်​ကို​လည်း​ကောင်း၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​မည်။ ရွေး​ကောက်​တော်​မူ​သော​သူ​ကို​လည်း အ​နီး​အ​ပါး​သို့ ချဉ်း​ကပ်​စေ​တော်​မူ​မည်။ 6အို​ကော​ရ​နှင့် ကော​ရ၏​အ​ပေါင်း​အ​သင်း​ရှိ​သ​မျှ​တို့၊ သင်​တို့​ပြု​ရ​မည်​အ​မှု​ဟူ​မူ​ကား၊ လင်​ပန်း​တို့​ကို​ယူ၍၊ 7နက်​ဖြန်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​နှင့်​လော​ဗန်​ကို​တင်​ကြ​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ​သည်၊ သန့်​ရှင်း​သော​သူ ဖြစ်​စေ။ အို​လေ​ဝိ​သား​တို့၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း​ကြ​သည်​ဟု ဆို​လေ၏။ 8တစ်​ဖန် မော​ရှေ​က၊ အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​ပါ​လော့။ 9သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်၍၊ ပ​ရိ​သတ်​ရှေ့​မှာ ရပ်​လျက်၊ သူ​တို့​အ​မှု​ကို​လည်း စောင့်​စေ​မည်​အ​ကြံ ရှိ​တော်​မူ​သည်​နှင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည်၊ သင်​တို့​ကို အ​နီး​အ​ပါး​သို့​ခေါ်၍ နေ​ရာ​ချ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​နှင့်​ခွဲ​ထား၍၊ 10သင့်​ကို​လည်း​ကောင်း၊ သင့်​ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​နီး​အ​ပါး၌ နေ​ရာ​ချ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​လည်း ရှာ​ကြ​သည်​တ​ကား။ 11ထို​ကြောင့် သင်​နှင့်​သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​ကြ​ပြီ​တ​ကား။ အာ​ရုန်​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု ကော​ရ​အား​ဆို​ပြီး​မှ၊ 12ဧ​လျာ​ဘ​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​ကို​ခေါ်​ခြင်း​ငှာ စေ​လွှတ်​လေ၏။ သူ​တို့​က​လည်း ငါ​တို့​မ​လာ။ 13သင်​သည် ဤ​တော၌ ငါ​တို့​ကို​သတ်​လို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​မှ ဆောင်​ခဲ့​သော်​လည်း၊ ငါ​တို့​အ​ပေါ်၌ လုံး​လုံး​မင်း​မ​ပြု​ရ​လျှင်၊ စိတ်​မ​ပြေ​သေး​သည် တ​ကား။ 14ထို​မှ​တစ်​ပါး နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ ငါ​တို့​ကို​မ​ဆောင်၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ပေး​ဘဲ၊ ဤ​လူ​တို့၏​မျက်​စိ​ကို ဖောက်​ချင်​သ​လော။ ငါ​တို့​သည် သင့်​ထံ​သို့​မ​လာ​ဟု ပြန်​ဆို၏။ 15မော​ရှေ​သည် အ​လွန်​အ​မျက်​ထွက်၍၊ ဤ​သူ​တို့​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​ဥ​စ္စာ မြည်း​တစ်​ကောင်​ကို​မျှ အ​ကျွန်ုပ်​မ​သိမ်း​ပါ။ သူ​တို့​တွင် တစ်​ယောက်​ကို​မျှ​မ​ညှဉ်း​ဆဲ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်၍၊ 16ကော​ရ​အား​လည်း၊ အာ​ရုန်​နှင့် သင်​အ​စ​ရှိ​သော သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည်၊ နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရှိ​ကြ​လော့။ 17လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ လော​ဗန်​ကို​တင်​ပြီး​မှ၊ သင်​နှင့်​အာ​ရုန်​သည်​လည်း မိ​မိ​တို့​လင်​ပန်း​ပါ​လျက်၊ လူ​အ​ပေါင်း​တို့​သည် လင်​ပန်း နှစ်​ရာ​ငါး​ဆယ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ 18ထို​သူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ မီး​နှင့်​လော​ဗန်​ကို​တင်​ပြီး​မှ၊ မော​ရှေ၊ အာ​ရုန်​နှင့်​အ​တူ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။
19ကော​ရ​သည်​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ပ​ရိ​သတ်​အ​ပေါင်း​တို့၌ ထင်​ရှား​လေ၏။ 20-21ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​ပ​ရိ​သတ်​တို့​နှင့်​ခွာ၍ တ​ခြား​စီ​နေ​လော့။ ငါ​သည် သူ​တို့​ကို​ချက်​ချင်း​ဖျက်​ဆီး​မည်​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​လျှင်၊ 22သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။ 23-24ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့၏​တဲ​များ​ကို ရှောင်၍​နေ​စေ​ခြင်း​ငှာ၊ ပ​ရိ​သတ်​တို့​အား​ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 25မော​ရှေ​ထ၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ ဒါ​သန်၊ အ​ဘိ​ရံ​နေ​ရာ​သို့​သွား​ပြီး​မှ၊ 26ဤ​လူ​ဆိုး​တို့၏ နေ​ရာ​တဲ​များ​ကို ရှောင်၍​နေ​ကြ​ပါ​လော့။ သူ​တို့၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ထိ​ကြ​ပါ​နှင့်။ သို့​မ​ဟုတ် သူ​တို့​နှင့်​အ​တူ၊ သူ​တို့​အ​ပြစ်​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်​ဟု ပ​ရိ​သတ်​တို့​အား ဆင့်​ဆို​လျှင်၊ 27လူ​များ​တို့​သည် ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တဲ ပတ်​ဝန်း​ကျင်၌​မ​နေ​ဘဲ ရှောင်​လွှဲ၍​သွား​ကြ​သ​ဖြင့်၊ ဒါ​သန်၊ အ​ဘိ​ရံ​သည်၊ သား​မ​ယား​အ​က​လေး​များ​နှင့်​တ​ကွ ထွက်၍ မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။ 28မော​ရှေ​က​လည်း၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​သည်​အ​လို​လို​မ​ပြု၊ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ၍ ငါ​ပြု​သည်​အ​ကြောင်း​ကို သင်​တို့​သည် အ​ဘယ်​သို့​သိ​ရ​မည်​နည်း ဟူ​မူ​ကား၊ 29ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့ ခံ​ရ​သော သေ​ခြင်း၊ ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့ ခံ​ရ​သော ဆုံး​မ​ခြင်း​ကို​သာ ဤ​လူ​တို့​ခံ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မ​မူ။ 30သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​သစ်​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ကွဲ​ပွင့်​လျက် ဤ​လူ​တို့​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကို​လည်း​ကောင်း​မျို၍၊ သူ​တို့​သည် အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၌ ပြစ်​မှား​ကြောင်း​ကို သင်​တို့​သည် သိ​နား​လည်​ရ​ကြ​လိမ့်​မည်​ဟု၊ 31ပြော​ဆို​ပြီး​သည်​အ​ဆုံး၌၊ သူ​တို့​နင်း​ရာ​မြေ​ကြီး​သည် ကွဲ၍၊ 32မိ​မိ​ခံ​တွင်း​ကို​ဖွင့်​သ​ဖြင့်၊ သူ​တို့​နှင့် သူ​တို့​အိမ်​များ​ကို​လည်း​ကောင်း၊ ကော​ရ​နှင့်​ဆိုင်​သ​မျှ​သော​သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း မျို​လေ၏။ 33ထို​သူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ ဆိုင်​သ​မျှ​သော​သူ​တို့​နှင့်​တ​ကွ၊ အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သက်၍၊ သူ​တို့​အ​ပေါ်​မှာ မြေ​စေ့​ပြန်​သ​ဖြင့်၊ သူ​တို့​သည် ပ​ရိ​သတ်​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ၏။ 34သူ​တို့​အော်​ဟစ်​သံ​ကို ပတ်​ဝန်း​ကျင်၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​လျှင်၊ ငါ​တို့​ကို​လည်း မြေ​မျို​ကောင်း​မျို​လိမ့်​မည်​ဟု စိုး​ရိမ်​လျက်​ပြေး​ကြ၏။ 35နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။
လင်​ပန်း​များ
36-37ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သန့်​ရှင်း​သော​လင်​ပန်း​တို့​ကို မီး​လောင်​ရာ​ထဲ​က ကောက်​ယူ၍၊ မီး​ကို​ပစ်​ချ​ပြီး​မှ၊
38ကိုယ်​အ​သက်​ကို သေ​စေ​ခြင်း​ငှာ ပြစ်​မှား​သော​သူ​တို့၏ လင်​ပန်း​တို့​ဖြင့် ယဇ်​ပ​လ္လင်​ကို ဖုံး​အုပ်​စ​ရာ​ကြေး​ဝါ​ပြား​တို့​ကို လုပ်​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဧ​လာ​ဇာ​ကို ဆင့်​ဆို​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​ကြောင့်၊ ထို​လင်​ပန်း​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိ​မိတ်​ဖြစ်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 39ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်၊ မီး​လောင်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​ပူ​ဇော်​သော လင်​ပန်း​များ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ကို ဖုံး​အုပ်​စ​ရာ​ကြေး​ဝါ​ပြား​တို့​ကို လုပ်​လေ၏။ 40ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။
အာ​ရုန်​၏​ကယ်​ဆယ်​ခြင်း
41နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​ကို သတ်​ကြ​ပြီ​ဟု​ဆို​လျက်၊ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။ 42ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​သော​အ​ခါ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ မျှော်​ကြည့်၍၊ မိုး​တိမ်​သည် တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။ 43မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ချဉ်း​ကပ်​ကြ၏။ 44-45ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​ပ​ရိ​သတ်​တို့​ကို ရှောင်၍​နေ​ကြ​လော့။ ငါ​သည် သူ​တို့​ကို ချက်​ချင်း​ဖျက်​ဆီး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် ပျပ်​ဝပ်​လျက်​နေ​ကြ၏။ 46မော​ရှေ​က​လည်း၊ သင်​သည် လင်​ပန်း​ကို​ကိုင်၍ ယဇ်​ပ​လ္လင်​ပေါ်​က​မီး​ကို ယူ​ထည့်​ပြီး​လျှင်၊ လော​ဗန်​ကို​လည်း​တင်​လျက်၊ ပ​ရိ​သတ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က အ​မျက်​တော်​ထွက်၍ ဘေး​ဥ​ပဒ်​ရောက်​လျက်​ရှိ​ပြီ​ဟု၊ 47အာ​ရုန်​အား​မှာ​ထား​သည်​အ​တိုင်း၊ အာ​ရုန်​သည်​ယူ၍ ပ​ရိ​သတ်​ထဲ​သို့ ပြေး​လေ၏။ ထို​အ​ခါ လူ​တို့၌​ဘေး​ဥ​ပဒ်​ရောက်​စ ရှိ​သည်​ဖြစ်၍၊ လော​ဗန်​ကို​တင်​သ​ဖြင့် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၏။ 48အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​စပ်​ကြား​မှာ​ရပ်​နေ၍၊ ဘေး​ဥ​ပဒ်​ငြိမ်း​လေ၏။ 49ကော​ရ​အ​မှု​ကြောင့် သေ​သော​သူ​တို့​ကို​ထား၍ ထို​ဘေး​ဥ​ပဒ်​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ တစ်​သောင်း​လေး​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။ 50ထို​ဘေး​ဥ​ပဒ်​ငြိမ်း​ပြီး​မှ၊ အာ​ရုန်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၊ မော​ရှေ​ထံ​သို့​ပြန်​လာ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ