YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 12:13-15

တောလည်ရာ 12:13-15 JBMLE

မော​ရှေ​က၊ အို ဘု​ရား​သ​ခင်၊ သူ၏​အ​နာ​ကို​ပျောက်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​အ​ဘ​သည် သူ၏​မျက်​နှာ​ကို တံ​တွေး​နှင့် ထွေး​ရုံ​မျှ​သာ​ပြု​လျှင်၊ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော။ ယ​ခု​တွင် သူ့​ကို​နှင်​ထုတ်၍ ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​စေ။ ထို​နောက်​မှ တပ်​ထဲ​သို့​တစ်​ဖန်​ဝင်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ မိ​ရိ​အံ​ကို​နှင်​ထုတ်၍ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ၏။ မိ​ရိ​အံ​အ​နာ​မ​ပျောက်​မီ​တိုင်​အောင် လူ​များ​တို့​သည် ခ​ရီး​မ​သွား​ဘဲ​နေ​ကြ၏။