YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 11

11
တ​ဗေ​ရ​အ​ရပ်
1တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။ 2လူ​များ​တို့​သည် မော​ရှေ​အား​အော်​ဟစ်၍၊ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သ​ဖြင့် မီး​ငြိမ်း​လေ၏။ 3ထာ​ဝ​ရ​ဘု​ရား၏​မီး​သည် သူ​တို့​တွင်​လောင်​သော​ကြောင့် ထို​အ​ရပ်​ကို တ​ဗေ​ရ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။
အ​သက်​ကြီး​သူ​ခု​နစ်ကျိပ်
4ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။ 5အဲ​ဂု​တ္တု​ပြည်၌ အ​လို​အ​လျောက်​စား​ရ​သော​ငါး​သား၊ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်၊ အ​နီ၊ အ​ဖြူ၊ အ​ရိုင်း​အ​မျိုး​မျိုး​တို့​ကို အောက်​မေ့၏။ 6ယ​ခု​မှာ ငါ​တို့​အ​သက်​သည် အား​လျော့​ပြီ။ ဤ​မ​န္န​မှ​တစ်​ပါး တစ်​စုံ​တစ်​ခု​ကို​မျှ​မ​မြင်​ရ​ဟု ဆို​ကြ၏။ 7မ​န္န​သည်​နံ​နံ​စေ့​နှင့်​တူ၍ ဗ​ဓေ​လ​သစ်​စေ့​ကဲ့​သို့ အ​ဆင်း​ဖြစ်၏။#ထွ၊ ၁၆:၃၁။ 8လူ​များ​တို့​သည်​လှည့်​လည်​လျက် မ​န္န​ကို​စု​သိမ်း၍ ဆုံ၌​ကြိတ်​ခြင်း၊ ထောင်း​ခြင်း​ကို​ပြု​ပြီး​မှ အိုး​နှင့်​ပြုတ်​ကြ၏။ မုန့်​ပြား​ကို​လည်း လုပ်​ကြ၏။ အ​ရ​သာ​သည် မုန့်​ဆီ​ကြော်​အ​ရ​သာ​နှင့်​တူ၏။ 9စ​ခန်း​ချ​ရာ​အ​ရပ်၌ ည​အ​ခါ​နှင်း​နှင့်​အ​တူ မ​န္န​ကျ​တတ်၏။#ထွ၊ ၁၆:၁၃-၁၅။
10ထို​အ​ခါ လူ​များ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တဲ​တံ​ခါး​ဝ၌ မိ​မိ​အိမ်​ထောင်​နှင့်​တ​ကွ ငို​ကြွေး​ကြ​သည်​ကို မော​ရှေ​ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ၏။ အ​ပြစ်​ရှိ​သည်​ကို မော​ရှေ​သိ​မြင်​လျှင်၊ 11ဤ​လူ​အ​ပေါင်း​တို့​ကို​ထမ်း​စေ​ဟု သူ​တို့​ကို ကိုယ်​တော်​ကျွန်​အ​ပေါ်​မှာ​တင်၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ရှေ့​တော်၌​မျက်​နှာ​မ​ရ​ဘဲ နေ​ရ​ပါ​သ​နည်း။ 12သူ​တို့​ဘိုး​ဘေး​များ၌ ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍၊ အ​ထိန်း​သည် နို့​စို့​သူ​ငယ်​ကို​ဆောင်​သ​ကဲ့​သို့ ဤ​လူ​တို့​ကို​ပိုက်​ချီ​လျက် ဆောင်​လော့​ဟု အ​ကျွန်ုပ်​အား​မိန့်​တော်​မူ​မည်​အ​ကြောင်း၊ ဤ​လူ​အ​ပေါင်း​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​ဝန်​ဆောင်​ပါ​သ​လော။ ဖွား​မြင်​ပါ​သ​လော။ 13ဤ​လူ​အ​ပေါင်း​တို့​အား ကျွေး​စ​ရာ​ဖို့​အ​မဲ​သား​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​မှာ​ရ​နိုင်​ပါ​အံ့​နည်း။ သူ​တို့​က အ​ကျွန်ုပ်​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို​ပေး​ပါ​ဟု ငို​ကြွေး​လျက် အ​ကျွန်ုပ်​ကို​တောင်း​ကြ​ပါ၏။ 14ဤ​လူ​အ​ပေါင်း​တို့​ကို အ​ကျွန်ုပ်​တစ်​ယောက်​တည်း​သာ မ​ဆောင်​ရွက်​နိုင်​ပါ။ ဆောင်​ရွက်​ရ​သော​ဝန်​လည်း လေး​လွန်း​ပါ၏။ 15ထို​သို့ အ​ကျွန်ုပ်၌​ပြု​တော်​မူ​လျှင်​လည်း​ကောင်း၊ စိတ်​တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို အ​လျင်​အ​မြန်​သေ​စေ​တော်​မူ​ပါ။ ကိုယ်​ဆင်း​ရဲ​ကို ကိုယ်​မ​သိ​မ​မြင်​ပါ​စေ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။
16ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကျွမ်း​ကျင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို ငါ့​ရှေ့​မှာ​စု​ဝေး​စေ​ပြီး​လျှင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ခေါ်​ခဲ့၍ သင်​နှင့်​အ​တူ​ရပ်​နေ​ကြ​စေ​လော့။ 17ငါ​သည်​လည်း ထို​အ​ရပ်​သို့​ဆင်း​သက်၍ သင်​နှင့်​နှုတ်​ဆက်​မည်။ သင့်​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို ငါ​ယူ၍ သူ​တို့​အ​ပေါ်​မှာ​တင်​မည်။ ဤ​လူ​တို့​ကို သင်​တစ်​ယောက်​တည်း​သာ ဆောင်​ရွက်​ရ​မည်​မ​ဟုတ်၊ ထို​အ​သက်​ကြီး​သူ​တို့​သည် ဝိုင်း​ညီ၍ ဆောင်​ရွက်​ရ​ကြ​မည်။ 18သင်​သည်​လည်း လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​လော့။ အ​မဲ​သား​ကို စား​ရ​ကြ​မည်။ သင်​တို့​က အ​ဘယ်​သူ​သည် ငါ​တို့​အား အ​မဲ​သား​ကို​ပေး​လိမ့်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်၌​နေ​စဉ်၊ ငါ​တို့​သည်​ချမ်း​သာ​စွာ​နေ​ကြ၏​ဟု ငို​ကြွေး​လျက်​ပြော​ဆို​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​သော​ကြောင့်၊ အ​မဲ​သား​ကို​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် စား​ရ​ကြ​မည်။ 19တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​သာ စား​ရ​ကြ​မည်​မ​ဟုတ်။ 20သင်​တို့​နှာ​ခေါင်း​ထဲ​က အ​မဲ​သား​ထွက်၍ ရွံ​စ​ရာ​ဖြစ်​သည်​တိုင်​အောင် တစ်​လ​ပတ်​လုံး စား​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ သင်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ထွက်​လာ​ရ​ကြ​သ​နည်း​ဟု ရှေ့​တော်၌​ငို​ကြွေး​လျက် ပြော​ဆို​ကြ​ပြီ​တ​ကား​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 21မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​နှင့်​ဆိုင်​သော လူ​ယောက်ျား​ပေါင်း ခြောက်​သိန်း​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်​တော်​က တစ်​လ​စား​စ​ရာ​ဖို့ သူ​တို့​အား​အ​မဲ​သား​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား၊ 22သူ​တို့​ကို​ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ သိုး​ဆိတ်​နွား​စု​တို့​ကို သတ်​ရ​ပါ​မည်​လော။ သို့​မ​ဟုတ် ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ ပင်​လယ်​ငါး​ရှိ​သ​မျှ​တို့​ကို စု​ဝေး​ရ​ပါ​မည်​လော​ဟု လျှောက်​လျှင်၊ 23ထာ​ဝ​ရ​ဘု​ရား​က၊ ထာ​ဝ​ရ​ဘု​ရား​လက်​တို​သ​လော။ ငါ့​စ​ကား​တည်​မည်၊ မ​တည်​မည်​ကို သင်​သိ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။
24မော​ရှေ​သည်​ထွက်၍ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လူ​များ​တို့​အား​ဆင့်​ဆို​ပြီး​လျှင် အ​မျိုး​သား၊ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို စု​ဝေး​စေ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ပတ်​လည်၌ ထား​လေ၏။ 25ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို​ယူ၍ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​အ​ပေါ်​မှာ တင်​တော်​မူ​သ​ဖြင့်၊ ထို​ဝိ​ညာဉ်​သည် သူ​တို့​အ​ပေါ်​မှာ​ကျိန်း​ဝပ်​သော​အ​ခါ၊ သူ​တို့​သည် ပ​ရော​ဖက်​ပြု၍ မ​ပြတ်​မ​စဲ​ဟော​ကြ၏။ 26ထို​လူ​စု၌​ပါ​သော​သူ ဧ​လ​ဒဒ်​နှင့် မေ​ဒဒ်​တို့​သည် စာ​ရင်း​ဝင်​သော်​လည်း၊ တဲ​တော်​သို့​မ​သွား​ဘဲ တပ်​ထဲ​မှာ​နေ​ရစ်​စဉ်​တွင် သူ​တို့​အ​ပေါ်​မှာ ထို​ဝိ​ညာဉ်​ကျိန်း​ဝပ်​သ​ဖြင့် သူ​တို့​သည်​လည်း​ပ​ရော​ဖက်​ပြု၍ တပ်​ထဲ​မှာ​ဟော​ကြ၏။ 27လု​လင်​တစ်​ယောက်​သည်​လည်း မော​ရှေ​ထံ​သို့​ပြေး၍၊ ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​သည် တပ်​ထဲ​မှာ ပ​ရော​ဖက်​ပြု၍​ဟော​ပါ၏​ဟု လျှောက်​လျှင်၊ 28မော​ရှေ၏​လက်​ထောက်​ဖြစ်​သော လု​လင်​နုန်​သား​ယော​ရှု​က၊ သ​ခင်​မော​ရှေ၊ သူ​တို့​ကို​ဆီး​တား​တော်​မူ​ပါ​ဟု​ဆို​သော်၊ 29မော​ရှေ​က၊ သင်​သည် ငါ့​အ​တွက်​ငြူ​စူ​သော​စိတ်​ရှိ​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​လူ​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ကို သူ​တို့​အ​ပေါ်​မှာ​တင်​တော်​မူ​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊ 30ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ တပ်​ထဲ​သို့​ပြန်​သွား​လေ၏။
ငုံး​ငှက်​များ
31ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​စေ​လွှတ်၍၊ ငုံး​များ​ကို ပင်​လယ်​မှ​ဆောင်​ခဲ့​သ​ဖြင့်၊ တပ်​ပတ်​လည် တစ်​ရက်​ခ​ရီး​စီ​တိုင်​တိုင်​ကွာ​သော အ​ရပ်​တို့၌၊ မြေ​ပေါ်​မှာ ဒု​နှစ်​တောင်​ခန့်​မျှ ဆင်း​စေ​တော်​မူ၏။ 32လူ​များ​တို့​သည် တစ်​နေ့​လုံး၊ တစ်​ည​လုံး၊ နက်​ဖြန်​လည်း​တစ်​နေ့​လုံး​ထ၍ ငုံး​များ​ကို စု​သိမ်း​ကြ၏။ နည်း​နည်း​သိမ်း​သော​သူ​သည် ဆယ်​ဟော​မဲ​ကို​သိမ်း​ရ၏။ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ ဖြန့်​ထား​ကြ၏။ 33သို့​ရာ​တွင် ငုံး​သား​ကို​ကိုက်၍​မ​ဝါး​မီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​မျက်​တော်​ထွက်၍ အ​လွန်​ပြင်း​သော​ဘေး​နှင့် ဒဏ်​ခတ်​တော်​မူ၏။ 34တောင့်​တ​သော​သူ​တို့​ကို သင်္ဂြိုဟ်​ရာ​ထို​အ​ရပ်​ကို ကိ​ဗြုတ်​ဟ​တ္တ​ဝါ​ဟူ​သော အ​မည်​ဖြင့်​မှည့်​လေ၏။ 35လူ​များ​တို့​သည် ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်​မှ ထွက်​ပြီး​လျှင်၊ ဟာ​ဇ​ရုတ်​အ​ရပ်​သို့ ရောက်၍​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ