YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 10

10
ငွေ​တံ​ပိုး​များ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား 2သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တပ်​တို့​ကို​ချီ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မှုတ်​ရ​သော ငွေ​တံ​ပိုး​နှစ်​လုံး​ကို၊ တစ်​လုံး​လျှင် ငွေ​တစ်​တုံး​စီ​ဖြင့် မ​ဆက်​ဘဲ​လုပ်​ရ​မည်။ 3တံ​ပိုး​မှုတ်​သော​အ​ခါ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ သင့်​ထံ၌​စည်း​ဝေး​ရ​ကြ​မည်။ 4တံ​ပိုး​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​ကို အုပ်​သော​မင်း​တို့​သည် သင့်​ထံ၌​စည်း​ဝေး​ရ​ကြ​မည်။ 5နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ အ​ရှေ့​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ 6ဒု​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ တောင်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ တ​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ အ​နောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ စ​တု​တ္ထ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ မြောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ အ​စဉ်​အ​တိုင်း ချီ​သွား​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​နှင့်​မှုတ်​ရ​မည်။ 7ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​ကို​မ​ပြု​ဘဲ တံ​ပိုး​မှုတ်​ရ​မည်။ 8အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထို​တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။ 9သင်​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ တိုက်​လာ​သော​ရန်​သူ​တို့​ကို စစ်​ချီ​လျှင်၊ နှိုး​ဆော်​သံ​နှင့် တံ​ပိုး​မှုတ်​ရ​မည်။ ထို​အ​ခါ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အောက်​မေ့၍၊ ရန်​သူ​လက်​မှ​ကယ်​တင်​တော်​မူ​မည်။ 10သင်​တို့​သည် ရွှင်​လန်း​ခြင်း​ကို​ပြု​သော​နေ့၊ ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့​တို့၌ သင်​တို့​ဘု​ရား​သ​ခင်​အောက်​မေ့​တော်​မူ​ဖို့​ရာ၊ သင်​တို့​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​သ​ကာ​များ​အ​ပေါ်​မှာ တံ​ပိုး​မှုတ်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။
စ​ခန်း​ဖြုတ်​ခြင်း
11ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ အ​ရက်​နှစ်​ဆယ်​မြောက်​သော​နေ့​ရက်၌၊ မိုး​တိမ်​သည် သက်​သေ​ခံ​ချက်​တဲ​တော်​မှ ကွာ​မြောက်​သည်​ဖြစ်၍၊ 12ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ခ​ရီး​သွား​ကြ၏။ နောက်​တစ်​ဖန် မိုး​တိမ်​သည် ပါ​ရန်​တော၌​တည်​နေ၏။ 13ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ထ​မ​ခ​ရီး​သွား​ခြင်း​ကို ပြု​ကြ၏။ 14ယု​ဒ​တပ်​အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည်၊ အ​လံ​နှင့်​တ​ကွ ရှေ့​ဦး​စွာ​ချီ​သွား​ကြ၏။ ယု​ဒ​တပ်​ကို၊ အ​မိ​န​ဒပ်​သား​နာ​ရှုန် အုပ်​ရ၏။ 15ဣ​သ​ခါ​တပ်​ကို၊ ဇု​အာ​သား​နာ​သ​နေ​လ အုပ်၏။ 16ဇာ​ဗု​လုန်​တပ်​ကို၊ ဟေ​လုန်​သား​ဧ​လျာ​ဘ အုပ်​ရ၏။ 17တဲ​တော်​ကို​ဖြုတ်​ချ၍ ဂေ​ရ​ရှုန်​သား၊ မေ​ရာ​ရိ​သား​တို့​သည် တဲ​တော်​ကို​ထမ်း​လျက် ချီ​သွား​ကြ၏။ 18ရု​ဗင်​တပ်​အ​စဉ်​အ​တိုင်း၊ အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ ချီ​သွား​ကြ၏။ ရု​ဗင်​တပ်​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ အုပ်​ရ၏။ 19ရှိ​မောင်​တပ်​ကို ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ အုပ်​ရ၏။ 20ဂဒ်​တပ်​ကို ဒွေ​လ​သား​ဧ​လျာ​သပ် အုပ်​ရ၏။ 21ကော​ဟတ်​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တန်​ဆာ​တို့​ကို ထမ်း​လျက် ချီ​သွား​ကြ၏။ သူ​တို့​မ​ရောက်​မီ အ​ရင်​သွား​သော​သူ​တို့​သည် တဲ​တော်​ကို ထူ​ထောင်​ရ​ကြ၏။ 22ဧ​ဖ​ရိမ်​တပ် အ​စဉ်​အ​တိုင်း​အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဧ​ဖ​ရိမ်​တပ်​ကို အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ အုပ်​ရ၏။ 23မ​နာ​ရှေ​တပ်​ကို ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ အုပ်​ရ၏။ 24ဗင်္ယာ​မိန်​တပ်​ကို ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန် အုပ်​ရ၏။ 25နောက်​ဆုံး​တပ်​တည်း​ဟူ​သော ဒန်​တပ် အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဒန်​တပ်​ကို အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ အုပ်​ရ၏။ 26အာ​ရှာ​တပ်​ကို ဩ​က​ရန်​သား​ပါ​ဂျေ​လ အုပ်​ရ၏။ 27နဿ​လိ​တပ်​ကို ဧ​နန်​သား​အ​ဟိ​ရ အုပ်​ရ၏။ 28ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ချီ​သွား​သော​အ​ခါ တပ်​များ​အ​စဉ်​အ​တိုင်း​ချီ၍ ခ​ရီး​သွား​ကြ၏။
29မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း ငါ​တို့​အား​ပေး​တော်​မူ​မည်​အ​ရပ်​သို့ ငါ​တို့​သည် ယ​ခု​ခ​ရီး​သွား​ကြ၏။ ငါ​တို့​နှင့်​အ​တူ လိုက်၍​လာ​ပါ။ ငါ​တို့​သည် ကျေး​ဇူး​ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​မည် က​တိ​ရှိ​ပါ၏​ဟု မိ​မိ​ယော​က္ခ​မ​မိ​ဒျန်​အ​မျိုး၊ ရွေ​လ​သား၊ ဟော​ဗပ်​အား​ဆို​လျှင်၊ 30ဟော​ဗပ်​က ငါ​မ​လိုက်​မ​သွား​ပါ၊ ငါ့​နေ​ရင်း​ပြည်၊ ငါ့​အ​ဆွေ​အ​မျိုး​ရှိ​ရာ​သို့ ပြန်​သွား​ပါ​မည်​ဟု မော​ရှေ​အား​ဆို၏။ 31မော​ရှေ​က​လည်း၊ ငါ​တို့​ကို စွန့်​ပစ်၍​မ​သွား​ပါ​နှင့်။ သင်​သိ​သည်​အ​တိုင်း ငါ​တို့​သည်​တော၌ စ​ခန်း​ချ​ရ​မည်။ သင်​သည် ငါ​တို့​မျက်​စိ​ဖြစ်​ရ​ပါ၏။ 32ငါ​တို့​နှင့် အ​တူ​လိုက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​တို့​သည်​ခံ​ရ​သည်​အ​တိုင်း သင်၌​ကျေး​ဇူး​ပြု​ပါ​မည်​ဟု ဆို​လေ၏။
ခ​ရီး​စ​ထွက်​ခြင်း
33ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။ 34သူ​တို့​သည် နေ့​အ​ချိန်၌​တပ်​ချီ၍ သွား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​တိမ်​သည် သူ​တို့​အ​ပေါ်​မှာ​ရှိ​လေ၏။ 35သေ​တ္တာ​တော်​သွား​သော​အ​ခါ၊ မော​ရှေ​က အို​ထာ​ဝ​ရ​ဘု​ရား​ထ​တော်​မူ​ပါ။ ကိုယ်​တော်၏​ရန်​သူ​တို့​သည် လွင့်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​မှ​ပြေး​ကြ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊#ဆာ၊ ၆၈:၁။ 36သေ​တ္တာ​တော်​မ​သွား​ဘဲ ရပ်​နေ​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ထောင်​အ​သောင်း​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ဆို​လေ့​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ