YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 9:32-37

နေဟမိ 9:32-37 JBMLE

သို့​ဖြစ်၍၊ အို အ​ကျွန်ုပ်​တို့၏​ဘု​ရား၊ ကြီး​မြတ်၍ မ​ဟာ​တန်​ခိုး​နှင့် ပြည့်​စုံ​လျက် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ က​ရု​ဏာ​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​တော်​မူ​သော​ဘု​ရား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​သော ဘေး​ဒဏ်​ရှိ​သ​မျှ​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​မူ​ကား အ​ကျွန်ုပ်​တို့​အ​ပေါ်​သို့ ရောက်​စေ​သ​မျှ​သော​အ​မှု၌ တ​ရား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် တ​ရား​သ​ဖြင့်​သာ စီ​ရင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် တ​ရား​တော်​ကို​မ​စောင့်။ ပေး​ထား​တော်​မူ​သော ပ​ညတ်​များ​နှင့် သက်​သေ​ခံ​ချက်​များ​တို့​ကို နား​မ​ထောင်​ကြ။ ကြီး​သော​ကျေး​ဇူး​ကို ပြု​လျက် အပ်​ပေး​တော်​မူ၍၊ သူ​တို့​ပိုင်​သော​နိုင်​ငံ၊ သ​နား​တော်​မူ​သော​ပြည်​ကြီး၊ ပြည်​ကောင်း၌ နေ​ရ​သော်​လည်း၊ အ​မှု​တော်​ကို​မ​ဆောင်​မ​ရွက်၊ မိ​မိ​တို့​ပြု​သော ဒု​စ​ရိုက်​ကို မ​ရှောင်​ဘဲ​နေ​ကြ​ပါ၏။ ဘိုး​ဘေး​တို့​သည် အ​လွန်​မြတ်​သော အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်​နှင့် သူ​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ကျွန်ုပ်​တို့​သည် ယ​နေ့ အ​စေ​ခံ​ကျွန် ဖြစ်​ကြ​ပါ၏။ သူ့​ကျွန် ခံ​ရ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​အ​ပြစ်​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​တို့​သည် ဤ​ပြည်၌ ကြွယ်​ဝ​စွာ​ဖြစ်​သော အ​သီး​အ​နှံ​ကို သိမ်း​စား​မြဲ​ရှိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့၏​ကိုယ်​နှင့် တိ​ရ​စ္ဆာန်​များ​ကို သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် အ​စိုး​ပိုင်၍၊ အ​ကျွန်ုပ်​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​လျက်​နေ​ရ​ပါ​သည်​ဟု မြွက်​ဆို​ကြ၏။