YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 5

5
ဆင်း​ရဲ​သူ​များ​ကို​ဖိ​နှိပ်​မှု
1ထို​အ​ခါ ယောက်ျား​မိန်း​မ​များ​တို့​သည် အ​မျိုး​သား​ချင်း ယု​ဒ​လူ​တို့​ကို အ​လွန်​အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။ 2အ​ချို့​က​လည်း၊ ငါ​တို့​နှင့် သား​သ​မီး​များ​စွာ ရှိ​ကြ၏။ သူ​တို့ အ​သက်​မွေး​လောက်​အောင် စား​စ​ရာ​ဆန်​စ​ပါး​ကို အ​ဘယ်​မှာ ရ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။ 3အ​ချို့​က​လည်း၊ ငါ​တို့​သည် လယ်​ယာ၊ ဥ​ယျာဉ်၊ အိမ်​တို့​ကို ပေါင်​ထား​ပြီ။ အ​စာ​ခေါင်း​ပါး​သော​ကာ​လ၊ ဆန်​စ​ပါး​ကို အ​ဘယ်​မှာ ရ​နိုင်​ပါ​မည်​နည်း​ဟု ဆို​ကြ၏။ 4အ​ချို့​က​လည်း၊ ငါ​တို့​သည် အ​ခွန်​တော်​ကို ပေး​စ​ရာ​ရှိစေ​ခြင်း​ငှာ လယ်​ယာ​ဥ​ယျာဉ်​အ​တွက် ငွေ​ကို​ချေး​ယူ​ပြီ။ 5ယ​ခု​မှာ ငါ​တို့​ကိုယ်​ခ​န္ဓာ​သည် အ​မျိုး​သား​ချင်း​တို့၏ ကိုယ်​ခ​န္ဓာ​ကဲ့​သို့​ဖြစ်၏။ ငါ​တို့​သား​သ​မီး​သည် သူ​တို့​သား​သ​မီး​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​တို့​သား​သ​မီး​ကို ရောင်း၍ ကျွန်​ခံ​စေ​ရ​မည်​လော။ ကျွန်​ခံ​ပြီး​သော သ​မီး​တို့​ကို​လည်း ရွေး​ခြင်း​ငှာ မ​တတ်​နိုင်။ ပိုင်​ရင်း​လယ်​ယာ​နှင့် ဥ​ယျာဉ်​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​လေ​ပြီ​တ​ကား​ဟု ဆို​ကြ၏။ 6ထို​သို့ အ​ပြစ်​တင်​မြည်​တမ်း​သော စ​ကား​ကို ငါ​သည်​ကြား​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​သော​စိတ်​ရှိ၍၊ ကိုယ်​အ​လို​အ​လျောက် ဆင်​ခြင်​ပြီး​မှ၊ 7မှူး​မတ်​နှင့် မင်း​အ​ရာ​ရှိ​တို့​ကို ခေါ်၍၊ သင်​တို့​သည် အ​မျိုး​သား​ချင်း​တို့၌ အ​တိုး​စား​တတ်​ကြ​သည် တ​ကား​ဟု ဆုံး​မ​သ​ဖြင့်၊ သူ​တို့​တစ်​ဖက်၌ လူ​အ​များ​တို့​ကို စု​ဝေး​စေ​လျက်၊#ထွ၊ ၂၂:၂၅၊ ဝတ်၊ ၂၅:၃၅-၃၇၊ တရား၊ ၂၃:၁၉-၂၀။ 8တစ်​ပါး​အ​မျိုး​သား​တို့​လက်၌ ကျွန်​ခံ​သော ငါ​တို့​ညီ​အစ်​ကို ယု​ဒ​လူ​တို့​ကို၊ ငါ​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ရွေး​နုတ်​ပြီး​မှ၊ သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို တစ်​ဖန် ရောင်း​ဦး​မည်​လော။ သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​တွင် အ​ရောင်း​ခံ​ရ​မည်​လော​ဟု ဆို​လျှင်၊ သူ​တို့​သည် ပြန်​ပြော​စ​ရာ​မ​ရှိ၊ တိတ်​ဆိတ်​စွာ နေ​ကြ၏။ 9ငါ​က​လည်း၊ သင်​တို့​ပြု​သော​အ​မှု မ​ကောင်း​ပါ​တ​ကား။ ငါ​တို့ ရန်​သူ​ဖြစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ငါ​တို့​ကို​ကဲ့​ရဲ့​မည်​ဟု စိုး​ရိမ်၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သင်​တို့​ကျင့်​သင့်​သည် မ​ဟုတ်​လော။ 10ငါ​နှင့် ငါ့​ညီ၊ ငါ့​ကျွန်​တို့​သည်​လည်း၊ လူ​များ​တို့၌ ငွေ​နှင့်​ဆန်​စ​ပါး​ကို ခွဲ​ယူ​ပိုင်​သည်​မ​ဟုတ်​လော။ အ​တိုး​စား​သော​အ​မှု​ကို ပယ်​ဖြတ်​ကြ​ပါ​လော့။ 11ယ​နေ့​ပင် သူ​တို့​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အိမ်​ရာ​ကို​လည်း​ကောင်း၊ သူ​တို့၌​ခွဲ​ယူ​ပြီး​သော ငွေ၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​အ​ချို့​ကို​လည်း​ကောင်း ပြန်​ပေး​ကြ​ပါ​လော့​ဟု ဆို​သော်၊ 12သူ​တို့​က ပြန်​ပေး​ပါ​မည်။ ဘာ​မျှ မ​တောင်း​မ​ယူ​ပါ။ ကိုယ်​တော်​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​တို့​သည် က​တိ​ထား​သည်​အ​တိုင်း ပြု​ရ​မည်​အ​ကြောင်း၊ ငါ​သည် သူ​တို့​ကို​ခေါ်၍ ကျိန်​ဆို​စေ​ပြီး​မှ၊
13ကိုယ်​ခါး​ပိုက်​ကို ခါ​လျက်၊ က​တိ​ပျက်​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် အိမ်​တော်၊ အ​မှု​တော်​ထဲ​က ဤ​သို့ ခါ​လိုက်​တော်​မူ​ပါ​စေ​သော။ သူ​တို့​သည် ဤ​သို့ ခါ​ပစ်​လိုက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော​ဟု​ဆို၍ စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။ လူ​များ​တို့​သည်​လည်း၊ က​တိ​ထား​သည်​အ​တိုင်း ပြု​ကြ၏။
နေ​ဟ​မိ​၏​စိတ်​ထား
14ထို​မှ​တစ်​ပါး ယု​ဒ​မြို့​ဝန်​အ​ရာ​ကို ငါ​ခံ​သော​အ​ချိန်၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ နှစ်​ဆယ်​မှ​စ၍ သုံး​ဆယ်​နှစ်​နှစ်​တိုင်​အောင်၊ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး ငါ​နှင့် ငါ့​ညီ​တို့​သည် မြို့​ဝန်​ရိ​က္ခာ​ကို​မ​စား။ 15အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။ 16ထို​မှ​တစ်​ပါး၊ ငါ​သည် မြို့​ရိုး​ကို​အ​မြဲ​လုပ်၍ နေ၏။ ငါ​နှင့် ငါ့​ကျွန်​တို့ သည်​လယ်​ယာ​ကို မ​ဝယ်၊ မြို့​ရိုး​တည်​ခြင်း​အ​မှု​ကို​သာ ဝိုင်း​ညီ၍ ကြိုး​စား​ကြ၏။ 17ထို​မှ​တစ်​ပါး၊ ပတ်​ဝန်း​ကျင်၌​နေ၍ ငါ​တို့​ထံ​သို့​လာ​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ဆို​ဘဲ၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့် မင်း​အ​ရာ​ရှိ တစ်​ရာ​ငါး​ကျိပ်​တို့​သည် ငါ့​စား​ပွဲ၌ စား​သောက်​မြဲ​ရှိ​ကြ၏။ 18နေ့​တိုင်း ငါ့​စား​ပွဲ​ကို နွား​တစ်​ကောင်၊ ရွေး​သော သိုး​ခြောက်​ကောင်၊ ကြက်​များ​ကို စီ​ရင်​ရ၏။ ဆယ်​ရက်​တစ်​ခါ များ​စွာ​သော စ​ပျစ်​ရည်​အ​မျိုး​မျိုး​ကို​လည်း တင်​ရ၏။ ထို​မျှ​လောက် ကုန်​သော်​လည်း၊ လူ​များ​တို့​သည် ပင်​ပန်း​စွာ အ​မှု​စောင့်​ရ​သော​ကြောင့်၊ မြို့​ဝန်၌​ရိ​က္ခာ​ကို ငါ​မ​တောင်း။ 19အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​ဖို့ အ​ကျွန်ုပ်​ပြု​သ​မျှ​အ​တွက် အ​ကျွန်ုပ်​ကို အောက်​မေ့၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ