YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 3

3
မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ခြင်း
1ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သည်၊ မိ​မိ​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​တို့​နှင့်​တ​ကွ ထ၍၊ သိုး​တံ​ခါး​ကို ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ မေ​အာ​ပြ​အိုး​မှ ဟာ​န​နေ​လ​ပြ​အိုး တိုင်​အောင် ပြင်​ကြ၏။ 2သူ​တို့​နောက်​မှ၊ ယေ​ရိ​ခေါ​မြို့​သား​တို့​သည် ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ ဣ​မ​ရိ​သား ဇ​က္ကု​ရ​ပြင်၏။ 3ငါး​တံ​ခါး​ကို​ကား၊ ဟဿေ​နာ​အ​မျိုး​သား​တို့​သည် ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။ 4သူ​တို့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ် ပြင်၏။ သူ့​နောက်​မှ၊ မေ​ရှ​ဇ​ဗေ​လ​သား​ဖြစ်​သော ဗေ​ရ​ခိ၏​သား မေ​ရှု​လံ ပြင်၏။ သူ့​နောက်​မှ၊ ဗာ​နာ​သား ဇာ​ဒုတ်​ပြင်၏။ 5သူ့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​ကြ၏။ သို့​ရာ​တွင်၊ တေ​ကော​မင်း​တို့​သည် မိ​မိ​တို့​အ​ရှင်၏​အ​မှု​ကို ဝိုင်း​ညီ၍​မ​ပြု​ကြ။ 6တံ​ခါး​ဟောင်း​ကို​ကား၊ ပါ​သာ​သား ယော​ယ​ဒ၊ ဗေ​သော​ဒေ​ယ​သား မေ​ရှု​လံ​ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။ 7သူ​တို့​နောက်​မှ၊ ဂိ​ဗောင်​မြို့​သား မေ​လ​တိ၊ မေ​ရော​နုတ်​မြို့​သား ယာ​ဒုန်၊ ဂိ​ဗောင်​လူ၊ မိ​ဇ​ပါ​လူ​တို့​သည် မြစ်​အ​နောက်​ဘက် မြို့​ဝန်​ရာ​ဇ​ပ​လ္လင်​တိုင်​အောင် ပြင်​ကြ၏။ 8သူ​တို့​နောက်​မှ ဟာ​ဟာ​ယ​သား ပန်း​ထိမ်​သ​မား​ဩ​ဇေ​လ၊ သူ့​နောက်​မှ၊ ဆေး​သ​မား ဟာ​န​နိ​ပြင်​လျက်၊ ကျယ်​သော​မြို့​ရိုး​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​ကို ခိုင်​ခံ့​စေ​ကြ၏။ 9သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟု​ရ​သား ရေ​ဖာ​ယ​ပြင်၏။ 10သူ့​နောက်​မှ၊ ဟာ​ရု​မပ်​သား ယေ​ဒါ​ယ​သည် မိ​မိ​အိမ်​တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ သူ့​နောက်​မှ၊ ဟာ​ရှ​ဗ​နိ​သား ဟ​တ္တုတ်​ပြင်၏။ 11ကျန်​ကြွင်း​သော​အ​ရပ်​နှင့် မီး​ဖို​ပြ​အိုး​ကို​ကား၊ ဟာ​ရိမ်​သား မာ​လ​ခိ​ယ​နှင့်၊ ပါ​ဟတ်​မော​ဘ​သား ဟာ​ရှုတ်​တို့​သည် ပြင်​ကြ၏။ 12သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟာ​လော​ဟတ်​သား ရှ​လ္လုံ​နှင့် သူ၏​သ​မီး​တို့​သည် ပြင်​ကြ၏။ 13ချိုင့်​တံ​ခါး​ကို​ကား၊ ဟာ​နုန်​နှင့် ဇာ​နော​မြို့​သား​တို့​သည် ပြင်၍ တံ​ခါး​တိုင်၊ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ပြီး​မှ၊ မြို့​ရိုး​အ​တောင် တစ်​ထောင်​ကို နောက်​ချေး​တံ​ခါး​တိုင်​အောင် တည်​ကြ၏။ 14ဗေ​သ​က္က​ရင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော ရေ​ခပ်​သား​မာ​လ​ခိ​သည်၊ နောက်​ချေး​တံ​ခါး​ကို ပြင်၍ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား၏။ 15မိ​ဇ​ပါ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ကော​လ​ဟော​ဇ​သား ရှ​လ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြင်၍ တံ​ခါး​မိုး၊ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား​ပြီး​လျှင်၊ ဥ​ယျာဉ်​တော်​နား​မှာ၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​တိုင်​အောင် တည်၏။ 16သူ့​နောက်​မှ ဗက်​ဇု​ရ​မြို့​တစ်​ပိုင်း​ကို​အုပ်​သော အာ​ဇ​ဗုတ်​သား နေ​ဟ​မိ​သည်၊ ဒါ​ဝိဒ်​သင်္ချိုင်း တစ်​ဖက်​တစ်​ချက်​မှ​စ၍၊ နောက်​လုပ်​သော ရေ​ကန်​နှင့် ဗိုလ်​မင်း​အိမ်​တိုင်​အောင် ပြင်၏။
မြို့​ရိုး​တည်​ဆောက်​သူ​လေ​ဝိ​အ​နွယ်​ဝင်​များ
17သူ့​နောက်​မှ၊ လေ​ဝိ​အ​မျိုး ဗာ​နိ​သား ရေ​ဟုံ​ပြင်၏။ သူ့​နောက်​မှ၊ ကိ​လ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ဟာ​ရှ​ဘိ​သည် မိ​မိ​တာ​ကို​ပြင်၏။ 18သူ့​နောက်​မှ၊ ကိ​လ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ဟေ​န​ဒဒ်​သား ဟာ​ရှ​ဘိ​ညီ ဗာ​ဝဲ​ပြင်၏။ 19သူ့​နောက်​မှ၊ မိ​ဇ​ပါ​မြို့​အုပ် ယော​ရှု​သား ဧ​ဇေ​ရ​သည်၊ လက်​နက်​စုံ​တိုက်​သို့​တက်​ရာ တစ်​ဖက်​တစ်​ချက်၊ မြို့​ထောင့်​ထိ​အောင် ပြင်၏။ 20သူ့​နောက်​မှ၊ ဇ​ဗ္ဗဲ​သား​ဗာ​ရုတ်​သည် မြို့​ထောင့်​မှ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ် အိမ်​တံ​ခါး​တိုင်​အောင် ကြိုး​စား၍ ပြင်၏။ 21သူ့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ်​သည်၊ ဧ​လျာ​ရှိပ်​အိမ်​တံ​ခါး​မှ အိမ်​ထောင့်​တိုင်​အောင် ပြင်၏။
မြို့​ရိုး​တည်​ဆောက်​သူ​ယဇ်​ပု​ရော​ဟိတ်​များ
22သူ့​နောက်​မှ၊ ချိုင့်​အ​ရပ်​သား ယဇ်​ပု​ရော​ဟိတ် တို့​သည် ပြင်​ကြ၏။ 23သူ​တို့​နောက်​မှ၊ ဗင်္ယာ​မိန်​နှင့် ဟာ​ရှုပ်​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ အာ​န​နိ​သား​ဖြစ်​သော မာ​သေ​ယ၏​သား အာ​ဇ​ရိ​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ 24သူ့​နောက်​မှ၊ ဟေ​န​ဒဒ်​သား ဗိ​နွိ​သည်၊ အာ​ဇ​ရိ​အိမ်​မှ မြို့​ရိုး​ကွေ့​ရာ မြို့​ထောင့်​တိုင်​အောင် ပြင်၏။ 25ဥ​ဇဲ​သား ပါ​လ​လ​သည် မြို့​ရိုး​ကွေ့​ရာ တစ်​ဖက်​တစ်​ချက်​ကို​လည်း​ကောင်း၊ ထောင်​ဝင်း​နား၊ မြင့်​သော​နန်း​ရှေ့​မှာ​ရှိ​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်၏။ သူ့​နောက်​မှ၊ ပါ​ရုပ်​သား ဂေ​ဒါ​ယ​ပြင်၏။ 26ထို​မှ​တစ်​ပါး၊ ဘု​ရား​ကျွန်​တို့​သည် အ​ရှေ့​မျက်​နှာ၊ ရေ​တံ​ခါး တစ်​ဖက်​တစ်​ချက်၌၊ မိ​မိ​တို့​နေ​ရာ ဩ​ဖေ​လ​ရဲ​တိုက်​ကို​လည်း​ကောင်း၊ ပြင်​သို့​ထွက်​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်​ကြ၏။
အ​ခြား​တည်​ဆောက်​သူ​များ
27သူ​တို့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​သို့​ထွက်​သော ပြ​အိုး​ကြီး တစ်​ဖက်​တစ်​ချက်၌၊ ဩ​ဖေ​လ ရဲ​တိုက်​ရိုး​တိုင်​အောင် ပြင်​ကြ၏။ 28မြင်း​တံ​ခါး​အ​ထက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​အိမ် တစ်​ဖက်​တစ်​ချက်၌ အ​သီး​အ​သီး​ပြင်​ကြ၏။ 29သူ​တို့​နောက်​မှ၊ ဣ​မေ​ရ​သား​ဇာ​ဒုတ်​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ သူ့​နောက်​မှ၊ ရှေ​က​နိ​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ ပြင်၏။ 30သူ့​နောက်​မှ၊ ရှေ​လ​မိ​သား ဟာ​န​နိ၊ ဇာ​လပ်၏ စ​တု​တ္ထ​သား ဟာ​နုန်​တို့​သည် ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ ဗေ​ရ​ခိ​သား​မေ​ရှု​လံ​သည် မိ​မိ​အိပ်​ရာ​ခန်း တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ 31သူ့​နောက်​မှ၊ ပန်း​ထိမ်​သ​မား​သား မာ​လ​ခိ​သည် မိ​ဖ​ကဒ်​တံ​ခါး တစ်​ဖက်​တစ်​ချက်၌၊ ဘု​ရား​ကျွန်​နေ​ရာ​နှင့် ကုန်​သည်​နေ​ရာ​အ​ရပ် တိုင်​အောင်​လည်း​ကောင်း၊ မြို့​ထောင့်​တက်​ရာ​အ​ရပ် တိုင်​အောင်​လည်း​ကောင်း​ပြင်၏။ 32မြို့​ထောင့်​တက်​ရာ အ​ရပ်​မှ​စ၍၊ သိုး​တံ​ခါး​တိုင်​အောင် ပန်း​ထိမ်​သ​မား​များ​နှင့် ကုန်​သည်​များ​တို့​သည် ပြင်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ