YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 2:6-9

နေဟမိ 2:6-9 JBMLE

ထို​အ​ခါ မြောက်​သား​တော်​နှင့် ယှဉ်​ပြိုင်၍ ထိုင်​နေ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သွား​လျှင် အ​ဘယ်​မျှ​ကာ​လ ကြာ​လိမ့်​မည်​နည်း။ အ​ဘယ်​ကာ​လ​မှ ပြန်​လာ​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ ကာ​လ​အ​ချိန်​ကို ငါ​လျှောက်​ထား​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် အ​လို​တော်​ရှိ၍ ငါ့​ကို လွှတ်​လိုက်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရှင်​ဘု​ရင် အ​လို​တော်​ရှိ​လျှင်၊ မြစ်​အ​နောက်​ဘက်၌​ရှိ​သော မြို့​ဝန်​တို့​သည် ကျွန်​တော်​ကို​မ​ဆီး​မ​တား၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို သ​နား​တော်​မူ​ပါ။ ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။ ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့​ထံ​သို့ ငါ​ရောက်၍ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​စာ​ကို ပြ၏။ ရှင်​ဘု​ရင်​သည်​လည်း တပ်​မှူး​နှင့် မြင်း​စီး​သူ​ရဲ​တို့​ကို ငါ​နှင့်​အ​တူ စေ​လွှတ်​တော်​မူ​သ​တည်း။