YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 13:10-31

နေဟမိ 13:10-31 JBMLE

အ​မှု​တော်​စောင့်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​လယ်​ယာ​သို့ ပြေး​သွား​ကြ​သည်​ကို ငါ​ထောက်၍၊ သူ​တို့​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို မ​ခံ​မ​ရ​ကြောင်း​ကို ငါ​ရိပ်​မိ​လျက်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​ဘယ်​ကြောင့် စွန့်​ပစ်​ကြ​သ​နည်း​ဟု မင်း​တို့​ကို အ​ပြစ်​တင်၍၊ လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ သူ​တို့​နေ​ရာ၌ ခန့်​ထား​ပြန်၏။ ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​သို့ ဆောင်​ခဲ့​ပြန်​ကြ၏။ ယဇ်​ပု​ရော​ဟိတ် ရှေ​လ​မိ၊ ကျမ်း​တတ် ဇာ​ဒုတ်၊ လေ​ဝိ​သား ပေ​ဒါ​ယ၊ သူ့​နောက် မဿ​နိ​သား​ဖြစ်​သော ဇ​က္ကု​ရ၏​သား ဟာ​နန်​တို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​စိုး​အ​ရာ၌ ငါ​ခန့်​ထား၏။ ထို​သူ​တို့​သည် သ​စ္စာ​စောင့်​ခြင်း အ​သ​ရေ ရှိ​သည်​ဖြစ်၍၊ အ​မျိုး​သား​ချင်း​တို့​အား ဝေ​ဖန်​ရ​ကြ၏။ အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့၊ အိမ်​တော်​အ​မှု​စောင့်​ခြင်း​အ​ဖို့ အ​ကျွန်ုပ်​ပြု​သော ကျေး​ဇူး​ကို ချေ​တော်​မ​မူ​ပါ​နှင့်။ ထို​ကာ​လ၊ ယု​ဒ​ပြည်​မှာ အ​ချို့​တို့​သည် ဥ​ပုသ်​နေ့၌ စ​ပျစ်​သီး​ကို နယ်​လျက်၊ ကောက်​လှိုင်း​ကို​သွင်း​လျက်၊ မြည်း​ပေါ်​မှာ ဝန်​ကို​တင်​လျက် လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့၌ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သင်္ဘော​သ​ဖန်း​သီး အ​စ​ရှိ​သည်​တို့​ကို တင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်၍၊ ဤ​မည်​သော နေ့​ရက်၌​သာ စား​စ​ရာ​များ​ကို ရောင်း​အပ်​သည်​ဟု သူ​တို့​အား​ကြား​ပြော၏။ ထို​အ​ရပ်၌​နေ​သော တု​ရု​မြို့​သား​တို့​သည်​လည်း၊ ငါး​အ​စ​ရှိ​သည်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဥ​ပုသ်​နေ့၌ ယု​ဒ​အ​မျိုး​သား​တို့​အား ရောင်း​တတ်​ကြ၏။ ထို​အ​ခါ ငါ​က၊ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ဖျက်၍ ပြု​သော​ဒု​စ​ရိုက်​ကား အ​ဘယ်​သို့​နည်း။ ဘိုး​ဘေး​တို့​သည် ထို​သို့​ပြု​သော​ကြောင့်၊ ဤ​မျှ​လောက်​ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​ကို ငါ​တို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို ဖျက်​သော​အား​ဖြင့် သာ၍​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​စေ​ဦး​မည်​လော​ဟု ယု​ဒ​မှူး​မတ်​တို့​ကို အ​ပြစ်​တင်​လျက်၊ အ​ဖိတ်​နေ့​တွင် နေ​ရောင်​ကွယ်၍ ဥ​ပုသ်​နေ့​လွန်​သည်​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို ပိတ်​ထား​ရ​မည်​အ​ကြောင်း စီ​ရင်၍၊ ဥ​ပုသ်​နေ့၌ ဝန်​များ​ကို မြို့​ထဲ​သို့ မ​သွင်း​စေ​ခြင်း​ငှာ မိ​မိ​ကျွန်​အ​ချို့​တို့​ကို တံ​ခါး​တို့၌ ခန့်​ထား၏။ ထို​နောက် ကုန်​သည်​များ၊ ဥ​စ္စာ​မျိုး​ကို ရောင်း​သော​သူ​များ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ပြင်​မှာ တစ်​ခါ​နှစ်​ခါ အိပ်​ကြ၏။ ငါ​က​လည်း၊ မြို့​ရိုး​ပတ်​လည်၌ အ​ဘယ်​ကြောင့် အိပ်​ကြ​သ​နည်း။ နောက်​တစ်​ဖန်​လာ၍ အိပ်​လျှင် ဖမ်း​ဆီး​မည်​ဟု သူ​တို့​အား သ​တိ​ပေး၏။ ထို​အ​ခါ​မှ​စ၍ ဥ​ပုသ်​နေ့​တွင် မ​လာ​ဘဲ​နေ​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ထို​ကာ​လ၊ အာ​ဇုတ်​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ မော​ဘ​အ​မျိုး​သ​မီး​နှင့် စုံ​ဖက်​သော ယု​ဒ​လူ​အ​ချို့​တို့​ကို ငါ​မြင်၏။ သူ​တို့​သား​သ​မီး​တို့​သည် ယု​ဒ​စ​ကား​ကို မ​ပြော​တတ်။ အာ​ဇုတ် စ​ကား​တစ်​ဝက် အ​စ​ရှိ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​တတ်​ကြ၏။ သူ​တို့​ကို ငါ​အ​ပြစ်​တင်၍ ကဲ့​ရဲ့၏။ အ​ချို့​တို့​ကို ရိုက်​လျက်၊ ဆံ​ပင်​နုတ်​လျက် ဒဏ်​ပေး၍၊ သင်​တို့​သည် ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား​ရ။ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ရ။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​သည် ထို​သို့​ပြု၍ ပြစ်​မှား​ရာ​ရောက်​သည် မ​ဟုတ်​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သူ​နှင့်​တူ​သော​ရှင်​ဘု​ရင် မ​ရှိ။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဘု​ရား​သ​ခင် ခန့်​ထား​သည်​တိုင်​အောင် စိတ်​တော်​နှင့်​တွေ့​သော​သူ ဖြစ်​သော်​လည်း၊ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​သည် ပြစ်​မှား​စေ​သည်​တ​ကား။ ငါ​တို့​သည် သင်​တို့​စ​ကား​ကို နား​ထောင်၍ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဤ​မျှ​လောက်​ကြီး​သော ဒု​စ​ရိုက်​ကို​ပြု​လျက်၊ ငါ​တို့၏ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ရ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ သူ​တို့​ကို​ကျိန်​ဆို​စေ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။ အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း ရှုတ်​ချ​သော​ကြောင့်၊ သူ​တို့​ကို မှတ်​တော်​မူ​ပါ။ ထို​သို့ ယု​ဒ​အ​မျိုး​သား​တို့​ကို တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အ​မှု​စောင့်​ရ​သည်​အ​တိုင်း ငါ​ခန့်​ထား၍၊ ချိန်း​ချက်​သော​အ​ချိန်၌ ထင်း​ပူ​ဇော်​သ​ကာ​နှင့် အ​ဦး​သီး​သော​အ​သီး​ကို ပူ​ဇော်​စေ​ခြင်း​ငှာ စီ​ရင်၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး၏။