YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:31-37

ရှင်မာကု 7:31-37 JBMLE

တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။- ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။- ထို​ခ​ဏ​ချင်း​တွင် သူ​သည် နား​ပွင့်​ခြင်း၊ လျှာ​ကြော​လွတ်​ခြင်း​ရှိ​သ​ဖြင့် စ​ကား​ပြီ​ပြီ​ပြော​နိုင်၏။- ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။- အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။