YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:41-52

ရှင်မာကု 6:41-52 JBMLE

ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊- မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။- မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ တောင်​ပေါ်​သို့ ကြွ​တော်​မူ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် အိုင်​အ​လယ်၌​ရှိ၏။ ကိုယ်​တော်​သည် ကုန်း​ပေါ်မှာ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင်၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့် အော်​ဟစ်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။