YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:41-52

ရှင်မာကု 6:41-52 Judson Bible (JBMLE)

ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊- မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။- မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ တောင်​ပေါ်​သို့ ကြွ​တော်​မူ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် အိုင်​အ​လယ်၌​ရှိ၏။ ကိုယ်​တော်​သည် ကုန်း​ပေါ်မှာ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင်၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့် အော်​ဟစ်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။

ရှင်မာကု 6:41-52 Common Language Bible (BCL)

ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။- ထို​နည်း​တူ​ငါး​နှစ်​ကောင်​ကို​လည်း​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝ စွာ​စား​ရ​ကြ​၏။- ထို့​နောက်​တ​ပည့်​တော်​တို့​သည် မုန့်​နှင့်​ငါး​အ​ကြွင်း အ​ကျန်​ကို​ကောက်​သိမ်း​ရာ​တစ်​ဆယ့်​နှစ်​တောင်း အ​ပြည့်​ရ​ကြ​၏။- မုန့်​စား​သူ​ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ သ​တည်း။ ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။- ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​တော် မူ​ပြီး​လျှင် ဆု​တောင်း​ပတ္တနာ​ပြု​ရန်​တောင်​ပေါ်​သို့ တက်​တော်​မူ​၏။- ည​ချမ်း​အ​ချိန်​ကျ​ရောက်​သော်​တ​ပည့်​တော်​တို့​၏ လှေ​သည် အိုင်​အ​လယ်​တွင်​ရောက်​လျက်​နေ​၏။ ကိုယ် တော်​သည်​ကား​တစ်​ကိုယ်​တည်း​ကုန်း​ပေါ်​မှာ​ရှိ​၏။- လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။- သူ​တို့​သည်​ရေ​ပေါ်​မှာ​ကိုယ်​တော်​လမ်း​လျှောက် နေ​သည်​ကို​မြင်​ကြ​သော်​တစ္ဆေ​ဟု​ထင်​မှတ်​၍ ဟစ်​အော်​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ထိတ် လန့်​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ကိုယ်​တော် က ``အား​မ​ငယ်​ကြ​နှင့်။ ငါ​ပင်​တည်း။ မ​ကြောက် ကြ​နှင့်'' ဟု​သူ​တို့​အား​မိန့်​တော်​မူ​၏။- ထို​နောက်​သူ​တို့​ရှိ​ရာ​လှေ​ပေါ်​သို့​တက်​တော် မူ​၏။ ထို​ခ​ဏ​၌​လေ​ငြိမ်​သွား​၏။ သူ​တို့​သည် လွန်​မင်း​စွာ​အံ့​သြ​တွေ​ဝေ​လျက်​နေ​ကြ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​မုန့်​ကို​ကိုယ်​တော်​ကျွေး တော်​မူ​စဉ်​က မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့်​အံ့​သြ ဖွယ်​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သူ တို့​နား​မ​လည်​ခဲ့​ကြ​သော​ကြောင့်​တည်း။ သူ​တို့ ၏​အ​သိ​ဉာဏ်​သည်​နား​လည်​နိုင်​စွမ်း​မ​ရှိ။

ရှင်မာကု 6:41-52 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အပေါင်း​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် မုန့်​အကျိုးအပဲ့​နှင့် ငါး​၏​အကြွင်းအကျန်​တို့​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ မုန့်​ကို​စား​သော​ယောက်ျား​ဦးရေ​မှာ ငါးထောင်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​ရှိ ဗက်ဇဲဒ​မြို့​သို့ အလျင်​ဦးစွာ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူ​တို့​ကို​နှုတ်ဆက်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ လှေ​သည် ပင်လယ်​အလယ်​၌​ရှိ​၏။ ကိုယ်တော်​မူကား ကုန်း​ပေါ်၌ တစ်ပါးတည်း​ရှိ​တော်မူ​၏။ လေ​ဆန်​သောကြောင့် လှော်ခတ်​၍ ပင်ပန်း​နေ​ကြ​သော​တပည့်​တော်​တို့​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် မိုးသောက်ယံ​အချိန်​ဝန်းကျင်​၌ ပင်လယ်​ပေါ်တွင်​လမ်းလျှောက်​လျက် သူ​တို့​ထံသို့​ကြွ​တော်မူ​ပြီး သူ​တို့​ကို​ကျော်ဖြတ်​သွား​မည်​ပြု​လေ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်မှတ်​လျက် အော်ဟစ်​ကြ​၏။ သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​တွေ့မြင်​၍ တုန်လှုပ်​ချောက်ချား​ကြ​သောကြောင့်​ဖြစ်​၏။ သို့သော် ကိုယ်တော်​သည် ချက်ချင်း​ပင် သူတို့​နှင့်​စကား​ပြော​လျက်“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​ရှိရာ လှေ​ပေါ်သို့​တက်​တော်မူ​သော် လေ​သည်​ငြိမ်​သွား​လေ​၏။ သူ​တို့​သည် အလွန်​အမင်း​အံ့သြ​ငေးမော​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မုန့်​နှင့်ပတ်သက်​သော​ဖြစ်ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်နှလုံး​မာကျော​လျက်​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။