YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 5:24-34

ရှင်မာကု 5:24-34 JBMLE

ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။ ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ စွဲ​သော​ကြောင့်၊- များ​စွာ​သော ဆေး​သ​မား​တို့​လက်၌ အ​လွန်​ခံ​ရ၍၊ ဥ​စ္စာ​ရှိ​သ​မျှ ကုန်​သော်​လည်း သက်​သာ​မ​ရ​သည်​သာ​မ​က၊ အ​နာ​တိုး​သော မိန်း​မ​တစ်​ယောက်​သည်၊- ယေ​ရှု၏​သ​တင်း​တော်​ကို ကြား​သည်​ရှိ​သော်၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု ဆို​သည်​နှင့်၊ လူ​အ​စု​အ​ဝေး​ထဲ၌ နောက်​တော်​သို့ လာ၍ အ​ဝတ်​တော်​ကို တို့​လေ၏။- ထို​ခ​ဏ​ချင်း​တွင် အ​သွေး​စု​ဝေး​ရာ ခန်း​ခြ‌ောက်​သည်​ဖြစ်၍၊ ထို​ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​ပြီ​ဟု မိ​မိ​ကိုယ်၌​သိ​လေ၏။- ယေ​ရှု​သည် မိ​မိ​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ချက်​ချင်း​သိ​တော်​မူ​လျှင် လူ​အ​စု​အ​ဝေး၌ နောက်​သို့​လှည့်၍၊ ငါ့​အ​ဝတ်​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ၏။- တ​ပည့်​တော်​တို့​က၊ လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​အား ထိ​ခိုက်​ကြ​သည်​ကို မြင်​လျက်​ပင်၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်​လည်း၊- ကိုယ်​တော်​သည် ထို​သို့​ပြု​သော​သူ​ကို မြင်​ခြင်း​ငှာ ပတ်​လည်​သို့ ကြည့်​ရှု​တော်​မူ၏။- ထို​မိန်း​မ​သည် ကိုယ်၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို သိ​သော​ကြောင့် ကြောက်​ရွံ့​တုန်​လှုပ်​လျက် အ​ထံ​တော်​သို့ လာ​ပြီး​လျှင်၊ ပျပ်​ဝပ်၍ ထို​အ​ကြောင်း​ရှိ​သ​မျှ​ကို အ​ဟုတ်​အ​မှန် ကြား​လျှောက်​လေ၏။- ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။

​ရှင်မာကု 5:24-34 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။