YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:20-35

ရှင်မာကု 3:20-35 JBMLE

ထို​သူ​တို့​သည် အိမ်​သို့​ဝင်​ကြ​လျှင်၊ အ​စာ​ကို မ​စား​နိုင်​သည်​တိုင်​အောင် လူ​များ​တို့​သည် တစ်​ဖန် စု​ဝေး​ကြ​ပြန်၏။- ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။- ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။- တိုင်း​နိုင်​ငံ​သည် မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- အိမ်​သည်​လည်း မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- စာ​တန်​သည် မိ​မိ​တစ်​ဖက်၌ ထ၍ မိ​မိ​နှင့် မ​သင့်​မ​တင့်​ကွဲ​ပြား​လျှင် မ​တည်​နိုင်​ဘဲ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။- သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ သူ၏​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ​နိုင်။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​သား​တို့​သည် ရ​နိုင်​ကြ၏။- သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။- အ​ဘယ်​ကြောင့် ဤ​သို့ မိန့်​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ညစ်​ညူး​သောနတ်​စွဲ​သော​သူ ဖြစ်​သည်​ဟု ဆို​ကြ​သ​တည်း။ ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။- ခြံ​ရံ​လျက် ထိုင်​သော​သူ​များ​တို့​က၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် ပြင်​မှာ​ရှိ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၍၊- ခြံ​ရံ​လျက်​ထိုင်​သော​သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။- ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။