YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 16:1-16

ရှင်မာကု 16:1-16 JBMLE

ဥ​ပုသ်​နေ့​လွန်​မှ မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​သည် သွား၍၊ အ​လောင်း​တော်​ကို လိမ်း​ခြင်း​ငှာ နံ့​သာ​မျိုး​ကို​ဝယ်​ပြီး​လျှင်၊- ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် နံ​နက်​စော​စော၊ နေ​ထွက်​သော​အ​ချိန်၌ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- ထို​မိန်း​မ​တို့​က၊ တွင်း​ဝ၌ ပိတ်​သော​ကျောက်​ကို အ​ဘယ်​သူ​လှိမ့်​လှန်၍ ပေး​မည်​နည်း​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​မှ ကြည့်​ရှု​လျှင်၊ ထို​ကျောက်​သည် လှိမ့်​လှန်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- ထို​ကျောက်​ကား အ​လွန်​ကြီး​သော​ကျောက် ဖြစ်​သ​တည်း။- မိန်း​မ​တို့​သည် တွင်း​ထဲ​သို့​ဝင်​ကြ​ပြီး​လျှင်၊ လု​လင်​တစ်​ယောက်​သည် ဖြူ​စင်​ရှည်​လျား​သော​အင်္ကျီ​ကို ဝတ်​လျက် လက်​ယာ​ဘက်၌ ထိုင်​သည်​ကို​မြင်၍ ထိတ်​လန့် မိန်း​မော​ခြင်း​သို့ ရောက်​ကြ၏။- ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။- သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။- ထို​မိန်း​မ​တို့​သည်​လည်း၊ သင်္ချိုင်း​တော်​မှ​ထွက်၍ တုန်​လှုပ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ပြေး​ကြ၏၊ ကြောက်​လန့်​သော​ကြောင့် အ​ဘယ်​သူတို့​မျှ မ​ပြော​မ​ဆို​ကြ။ ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။- မာ​ရိ​လည်း​သွား၍ ကိုယ်​တော်​နှင့် ပေါင်း​ဖော်​သော​သူ​တို့​သည် ညည်း​တွား​ငို​ကြွေး​လျက် နေ​ကြ​စဉ်​တွင်၊ သူ​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​လေ၏။- ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။ ထို​နောက် တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် တော​ရွာ​သို့​သွား​စဉ်​တွင် ကိုယ်​တော်​သည် ခြား​နား​သော အ​ရောင်​ကို​ဆောင်​လျက် ကိုယ်​ကို​ပြ​တော်​မူ၏။- သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။ ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊- သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။- ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။