YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:51-72

ရှင်မာကု 14:51-72 JBMLE

ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်၍ ပြေး​ကြ၏။ လု​လင်​တစ်​ယောက်​သည် စောင်​တစ်​ထည်​ကို​သာ ဝတ်​လျက် နောက်​တော်​သို့​လိုက်​သည်​ဖြစ်၍၊ မင်း​လု​လင်​တို့​သည် ထိုသူ​ကို ဖမ်း​ဆီး​ကြ၏။- သူ​သည်​လည်း စောင်​ကို​စွန့်​ပစ်၍ အ​ဝတ်​မ​ရှိ​ဘဲ လု​လင်​တို့​လက်​မှ ထွက်​ပြေး​လေ၏။ ထို​သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ၏။ ထို​မင်း​ထံ၌ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။- ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​အ​တွင်း​သို့​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်​ပြီး​လျှင်၊ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်၍​မီး​လှုံ​လေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​ရ​မည်​အ​ကြောင်း သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- လူ​များ​တို့​သည် မ​မှန်​သော​သက်​သေ​ကို ခံ​ကြ​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည်​မ​ညီ။- အ​ချို့​တို့​သည်​ထ၍၊ ဤ​သူ​က၊ လူ​တို့​လက်​ဖြင့် လုပ်​သော၊- ဤ​ဗိ​မာန်​တော်​ကို ငါ​ဖြို​ဖျက်၍ လူ​တို့​လက်​ဖြင့် မ​လုပ်​သော ဗိ​မာန်​တော်​တစ်​ဆူ​ကို တည်​ဆောက်​မည်​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။- သို့​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည် မ​ညီ။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​လယ်၌ မတ်​တတ်​ထ၍၊ သင်​သည် တစ်​ခွန်း​မျှ​ပြန်၍ မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့​သက်​သေ​ခံ​သ​နည်း​ဟု ယေ​ရှု​ကို​မေး​လျှင်၊- ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊- ယေ​ရှု​က၊ မှန်၏။ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏​လက်​ယာ​ဘက်၌ ထိုင်​လျက်၊ မိုး​တိမ်​ကို စီး၍ ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက် အ​ဘယ်​သက်​သေ​ကို လို​သေး​သ​နည်း။- ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။- ထို​အ​ခါ အ​ချို့​တို့​သည် ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​သီး​နှင့် ထိုး​လျက်၊ ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ မင်း​လု​လင်​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်​ကြ၏။ ပေ​တ​ရု​သည် အောက်​မှာ အိမ်​ဦး၌​ရှိ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် လာ၍၊- ပေ​တ​ရု​သည် မီး​လှုံ​လျက်​နေ​သည်​ကို မြင်​သော​အ​ခါ သူ့​ကို​စေ့​စေ့​ကြည့်၍၊ သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ၊ နား​မ​လည်​ဟု ငြင်း​ခုံ​ပြီး​မှ အိမ်​ဦး​ရှေ့​သို့​ထွက်​သော် ကြက်​တွန်​လေ၏။- နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ခုံ​ပြန်၏၊ ထို​နောက် များ​မ​ကြာ​အ​နား၌ ရပ်​နေ​သော​သူ​တို့​က၊ အ​ကယ်​စင်​စစ် သင်​သည် ထို​သူ​တို့​အ​ဝင်​ဖြစ်၏။ သင်​သည် ဂါ​လိ​လဲ​လူ​ဖြစ်၏။ သင့်​စ​ကား​လည်း​တူ၏​ဟု ပေ​တ​ရု​ကို​ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ သင်​တို့​ပြော​သော​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို​သည်​နောက်၊- တစ်​ဖန် ကြက်​တွန်​လေ၏။ ယေ​ရှု​က၊ ကြက်​သည် နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ခေါင်း​ကို​ခြုံ၍ ငို​ကြွေး​လေ၏။