ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော် ရှိတော်မူသည်ဖြစ်၍၊ မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တစ်လုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။- အချို့တို့သည် ဒေါသစိတ်ရှိသည် ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။- ဒေနာရိအပြားသုံးရာမကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။- ယေရှုကလည်း ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။- ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အား ကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။- ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ၊ ငါ့ကိုယ်ကို ဆီမွှေးနှင့် လူးနှင့်သတည်း။- ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်မာကု 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 14:3-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ