YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:3-9

ရှင်မာကု 14:3-9 Judson Bible (JBMLE)

ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ကိုယ်​တော် ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ်​နှင့်​ပြည့်​သော ကျောက်​ဖြူ​ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍ ကိုယ်​တော်​သည် စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​စဉ်၊ ကျောက်​ဖြူ​ခွက်​ကို​ခွဲ​ပြီး​မှ ခေါင်း​တော်​ပေါ်၌ သွန်း​လောင်း​လေ၏။- အ​ချို့​တို့​သည် ဒေါ​သ​စိတ်​ရှိ​သည် ဖြစ်၍၊ ထို​ဆီ​မွှေး​ကို အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။- ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​မ​က​သော အ​ဖိုး​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို၍ ထို​မိန်း​မ​ကို အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​က​လည်း ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏ သင်​တို့​အ​လို​ရှိ​သည်​အ​တိုင်း သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်၏။ ငါ​မူ​ကား သင်​တို့၌ အ​စဉ်​ရှိ​သည်​မ​ဟုတ်။- ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 14:3-9 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​၌ အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ဖူး​သူ​ရှိ​မုန်​၏​အိမ်​တွင်​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​စဉ်​အ​မျိုး သ​မီး​တစ်​ယောက်​သည် အ​လွန်​အ​ဖိုး​ထိုက် သော​နာ​ဒု​ဆီ​မွှေး​အ​စစ်​ကျောက်​ဖြူ​ဘူး ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း လောင်း​လေ​သည်။- လူ​အ​ချို့​တို့​သည်​ဒေါ​သ​ထွက်​၍ ``အ​ဘယ် ကြောင့်​ဆီ​မွှေး​ကို​ဤ​သို့​အ​ကျိုး​မဲ့​ဖြုန်း​တီး ပါ​သ​နည်း။- ဤ​ဆီ​မွှေး​ကို​ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​ကျော်​နှင့် ရောင်း​၍ ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ​အ​မျိုး​သ​မီး​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့်​သူ့​ကို​နှောင့်​ယှက်​ကြ​သ​နည်း။ ငါ့ အား​သူ​ပြု​သော​အ​မှု​သည်​လျောက်​ပတ်​ပေ​၏။- ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ​ကြ ၏။ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့် အ​မြဲ​ရှိ​နေ​သည်​မ​ဟုတ်။- ဤ​အ​မျိုး​သ​မီး​သည်​သူ​တတ်​နိုင်​သ​မျှ​ငါ့ အား​ပြု​စု​လေ​ပြီ။ ငါ​၏​ရုပ်​အ​လောင်း​ကို​သင်္ဂြိုဟ် ရန် ကြို​တင်​၍​ဆီ​မွှေး​နှင့်​လိမ်း​ကျံ​လေ​ပြီ။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သ​တင်း ကောင်း​ကြေ​ညာ​ရာ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ဤ​အ​မျိုး သ​မီး​ကို​အောက်​မေ့​သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု ခဲ့​သော​ကောင်း​မှု​ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ရှင်မာကု 14:3-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင်​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။ ထိုအခါ လူ​အချို့​တို့​သည် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဖြုန်းတီး​ရ​သနည်း။ ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​ကျော်​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု အချင်းချင်း​ပြောဆို​ကာ ထို​အမျိုးသမီး​ကို​အပြစ်တင်​ကြ​၏။ သို့သော် ယေရှု​က“သူ​ပြု​လို​ရာ​ပြု​ပါစေ။ သူ့​ကို အဘယ်ကြောင့်​နှောင့်ယှက်​ကြ​သနည်း။ သူ​သည် ငါ​၌​ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။ အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​၌ အစဉ်​ရှိ​ကြ​သည်​ဖြစ်၍ သင်​တို့​အလိုရှိ​သည့်​အခါ သူ​တို့​ကို​ကျေးဇူးပြု​နိုင်​၏။ ငါ​မူကား သင်​တို့​၌ အစဉ်​ရှိ​သည်​မ​ဟုတ်။ သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။