YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 12:1-12

ရှင်မာကု 12:1-12 JBMLE

ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။- ကာ​လ​အ​ချိန်​တန်​လျှင်၊ လုပ်​ဆောင်​သော​သူ​တို့ လက်​မှ စ​ပျစ်​သီး​ကို​ခံ​စေ​ခြင်း​ငှာ သူ​တို့​ရှိ​ရာ​သို့ ငယ်​သား​ကို စေ​လွှတ်​လေ၏။- ထို​သူ​တို့​သည် ငယ်​သား​ကို​ဖမ်း​ဆီး၍ ရိုက်​ပြီး​မှ လက်​ချည်း လွှတ်​လိုက်​ကြ၏။- နောက်​တစ်​ဖန် အ​ခြား​သော ငယ်​သား​ကို သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ခဲ​နှင့်​ပစ်​သ​ဖြင့်၊ သူ၏​ခေါင်း​ကို​မှန်၍ အ​ရှက်​ခွဲ​ပြီး​မှ လွှတ်​လိုက်​ကြ၏။- အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​သတ်​ကြ၏။ အ​ခြား​သော​ငယ်​သား​များ​တို့​တွင် အ​ချို့​တို့​ကို ရိုက်​ကြ၏။ အ​ချို့​တို့​ကို သတ်​ကြ၏။- ထို​ကြောင့် ဥ​ယျာဉ်​ရှင်​သည် မိ​မိ၌​ချစ်​သား​တစ်​ယောက်​တည်း ရှိ​သေး​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၍ မိ​မိ​သား​ကို နောက်​ဆုံး၌ စေ​လွှတ်​လေ၏။- ဥ​ယျာဉ်​စောင့်​တို့​က​လည်း၊ ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်​ကြ​ကုန်​အံ့။ ထို​သို့ သူ၏ အ​မွေ​ဥ​စ္စာ​ကို ငါ​တို့​ရ​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊- ဥ​ယျာဉ်​ရှင်၏​သား​ကို ဖမ်း​ယူ​ပြီး​မှ သတ်၍ ဥ​ယျာဉ်​ပြင်​သို့ ထုတ်​ပစ်​ကြ၏။- သို့​ဖြစ်​လျှင်၊ ဥ​ယျာဉ်​ရှင်​သည် အ​ဘယ်​သို့​ပြု​မည်​နည်း၊ သူ​သည်​လာ၍ ဥ​ယျာဉ်​စောင့်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်။- တိုက်​ကို တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွဋ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။- ငါ​တို့​မျက်​မှောက်၌​လည်း၊ အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။