YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:20-33

ရှင်မာကု 11:20-33 JBMLE

နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။- သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- သင်​တို့​သည် သူ့​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ​ဟု မိန့်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန်​ရောက်​ကြ​ပြီး​မှ ဗိ​မာန်​တော်​တွင် စင်္ကြံ​သွား​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊- ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့်​ပြု​သ​နည်း။ ဤ​သို့​ပြုရ​သော​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့ ဖြေ​ကြ​လော့။ ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။- ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် ဘု​ရား​က​ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော။ ဤ​အ​မေး​ကို ဖြေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်​ကြ၍၊ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည်​ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။- လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ လူ​များ​ကို​ကြောက်​ရ၏။ ယော​ဟန်​သည် ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် အ​ယူ​ရှိ​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊- အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။

​ရှင်မာကု 11:20-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။