YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:1-19

ရှင်မာကု 11:1-19 JBMLE

ယေ​ရု​ရှ​လင်​မြို့​နှင့် အ​နီး​သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှ​င့် ဗေ​သ​နိ​ရွာ​သို့ ရောက်​ကြ​သေ​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊- သင်​တို့​ရှေ့၌ ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့​ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် သွား၍ လမ်း၌​တံ​ခါး​ပြင်​မှာ ချည်​ထား​သော မြည်း​က​လေး​ကို တွေ့​ပြီး​လျှင် မြည်း​ကြိုး​ကို ဖြည်​ကြ၏။- ထို​အ​ရပ်၌ ရပ်​နေ​သောသူ​အ​ချို့​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြည်​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​မှာ​ထား​တော်​မူ​သည်​အ​တိုင်း တ​ပည့်​တော်​တို့​သည် ပြန်​ပြော​ပြီး​မှ ထို​သူ​တို့​သည် အ​ခွင့်​ပေး​ကြ၏။- ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို​ဆောင်​ခဲ့၍ မိ​မိ​တို့​အ​ဝတ်​ကို မြည်း​ကျော​ပေါ်​မှာ တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။- လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- ရှေ့​နောက် လိုက်​သွား​သော​သူ​တို့​က၊ ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။- ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ယ​ခု​တည်​လု​သော ငါ​တို့​အ​ဘ​ဒါ​ဝိဒ်၏ နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဗိ​မာန်​တော်​သို့​လည်း​ကောင်း ဝင်၍ အ​ရာ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​ပြီး​လျှင် မိုး​ချုပ်​သော​ကြောင့် တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​နှင့်​တ​ကွ ဗေ​သ​နိ​ရွာ​သို့ ထွက်​ကြွ​တော်​မူ၏။ နက်​ဖြန်​နေ့၌ ဗေ​သ​နိ​ရွာ​မှ ပြန်​ကြ​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊- ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၏​အ​သီး​ကို အ​ဘယ်​သူ​မျှ​မ​စား​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ကြား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြသော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်၍ ပွဲ​စား​ခုံ​တို့​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ၍၊- ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊- ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ကြား​လျှင်၊ ကိုယ်​တော်​ကို သတ်​ရ​သော​အ​ခွင့်​ကို ရှာ​ကြံ​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အံ့​ဩ​မိန်း​မော​သော​ကြောင့်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ မြို့​ပြင်​သို့​ထွက်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။