YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:42-45

ရှင်မာကု 10:42-45 JBMLE

ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့​သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။- သင်​တို့​မူ​ကား၊ ထို​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​သည် သင်​တို့​အ​စေ​ခံ ဖြစ်​ရ​မည်။- သင်​တို့​တွင် အ​ထွဋ်​အ​မြတ်​လုပ်​ချင်​သော​သူ​သည်​လည်း အ​လုံး​စုံ​တို့၏​စေ​ခိုင်း​ရာ ကျွန်​ဖြစ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။