YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 3:5-8

မိက္ခာ 3:5-8 JBMLE

ငါ၏​လူ​တို့​ကို​မှား​ယွင်း​စေ​လျက် ဝ​စွာ​စား​ရ​သော​အ​ခါ၊ ငြိမ်​ဝပ်​ခြင်း​အ​ကြောင်း​ရှိ​သည်​ဟု ကြွေး​ကြော်​လျက်၊ မ​လုပ်​ကျွေး​သော​သူ​ကို​ကား၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက်၊ ပ​ရော​ဖက်​ပြု​သော​သူ​တို့၊ သင်​တို့​သည် ရူ​ပါ​ရုံ​ကို မ​မြင်​နိုင်​မည်​အ​ကြောင်း၊ ည​အ​ချိန်​ရောက်​လိမ့်​မည်။ အ​နာ​ဂတ်​ကို မ​ဟော​နိုင်​မည်​အ​ကြောင်း၊ မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ ပ​ရော​ဖက်​တို့၌ နေ​ဝင်​လိမ့်​မည်။ နေ့​အ​ချိန်၌​ပင် မှောင်​မိုက်​ဖုံး​လွှမ်း​လိမ့်​မည်။ ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ငါ​မူ​ကား၊ ယာ​ကုပ်​အ​မျိုး လွန်​ကျူး​ခြင်း၊ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​ခြင်း​ကို သူ​တို့​အား ဖော်​ပြ​နိုင်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ရှိန်​တန်​ခိုး၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။