မိက္ခာ 3:5-8
မိက္ခာ 3:5-8 Judson Bible (JBMLE)
ငါ၏လူတို့ကိုမှားယွင်းစေလျက် ဝစွာစားရသောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော်လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊ သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညအချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင်မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။ ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြလိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက်ကြလိမ့်မည်။ ဘုရားသခင် ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသရေလအမျိုး ပြစ်မှားခြင်းကို သူတို့အား ဖော်ပြနိုင်မည်အကြောင်း၊ ထာဝရဘုရား၏ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
မိက္ခာ 3:5-8 Common Language Bible (BCL)
ငွေပေးနိုင်သူတို့အားငြိမ်းချမ်းသာယာ မည်ဟူ၍လည်းကောင်း၊ ငွေမပေးနိုင်သူတို့ အားစစ်ဘေးရောက်မည်ဟူ၍လည်းကောင်း ဟောတတ်သောပရောဖက်တို့၏လှည့်စား ခြင်းကိုငါ၏လူမျိုးတော်တို့ခံရကြ၏။ ထာဝရဘုရားကထိုသို့သောပရော ဖက်တို့အား၊- ``ပရောဖက်တို့၊ သင်တို့အတွက်နေ့အချိန် ကုန်လုပြီ၊ နေဝင်ချိန်ရောက်လာပြီ။ သင်တို့ သည်ရူပါရုံမြင်ရတော့မည်မဟုတ်။ အနာ ဂတ်ကိုဟောနိုင်သောအစွမ်းရှိလိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။- အနာဂတ်ကိုဟောသူတို့သည်ဟောကိန်း မမှန်သဖြင့် အရှက်ကွဲရလိမ့်မည်။ သူတို့ သည်ဘုရားသခင်ထံတော်မှဗျာဒိတ်မခံ ရသဖြင့်အသရေပျက်ကြလိမ့်မည်။ ငါမူကား၊ ဣသရေလအမျိုးသားတို့အား မိမိတို့ပုန်ကန်ကူးလွန်သည့်အပြစ်များ ကိုထုတ်ဖော်ကြေညာရန် ထာဝရဘုရား၏ ဝိညာဉ်တော်အရှိန်တန်ခိုး၊ တရားမျှတစွာ စီရင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိတို့နှင့်ပြည့်ဝ၏။
မိက္ခာ 3:5-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကျွန်ုပ်၏လူမျိုးကိုလမ်းလွဲစေသော ပရောဖက်တို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ သူတို့၏သွားများအစာဝါးစားရသောအခါ “ငြိမ်းချမ်းပါစေ”ဟု ဆိုတတ်ပြီး သူတို့၏ပါးစပ် အစာမစားရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်ဆင်တတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။ သို့ဖြစ်၍ ဗျာဒိတ်ရသူတို့သည် အရှက်ကွဲရလိမ့်မည်။ ဂမ္ဘီရအတတ်ကိုသုံးသောသူတို့သည် မျက်နှာပျက်ရလိမ့်မည်။ ဘုရားသခင်သည် သူတို့ကိုထူးတော်မမူသောကြောင့် သူတို့အားလုံး နှုတ်ပိတ်နေရလိမ့်မည်။ အကျွန်ုပ်မူကား ယာကုပ်ပုန်ကန်သောအပြစ်၊ အစ္စရေးကျူးလွန်သောအပြစ်ကို ဖော်ပြနိုင်ရန် ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုးနှင့်လည်းကောင်း၊ တရားမျှတမှုနှင့် အစွမ်းတန်ခိုးတို့နှင့်လည်းကောင်း ပြည့်ဝ၏။