YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:27-38

ရှင်မဿဲ 9:27-38 JBMLE

ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။- သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။- ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။- ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​က၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။- ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ စ​ပါး​ရှင်​ကို ဆု​တောင်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

​ရှင်မဿဲ 9:27-38 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။