YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:27-38

ရှင်မဿဲ 9:27-38 Judson Bible (JBMLE)

ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။- သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။- ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။- ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​က၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။- ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ စ​ပါး​ရှင်​ကို ဆု​တောင်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

ရှင်မဿဲ 9:27-38 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။- ထို​သူ​တို့​သည်​စက္ခု​အ​လင်း​ရ​လေ​၏။ သ​ခင် ယေ​ရှု​က​လည်း ``ထို​အ​မှု​ကို​မည်​သူ​မျှ​မ​သိ စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။ ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။- နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ကို အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခြင်း​ဖြစ် သည်'' ဟု​ပြော​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​မြို့​ရွာ​ရှိ​သ​မျှ​သို့​လှည့်​လည်​ပြီး လျှင်​တ​ရား​ဇ​ရပ်​များ​တွင်​သွန်​သင်​၍​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို​ပျောက်​ကင်း​စေ တော်​မူ​၏။- လူ​ပ​ရိ​သတ်​တို့​သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ ကဲ့​သို့​အား​ကိုး​စ​ရာ​မ​ရှိ၊ ပူ​ပင်​သော​က​ရောက် လျက်​နေ​ကြ​သည်​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​၏။- ထို့​ကြောင့်​ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ သော်​လည်း ရိတ်​သိမ်း​သော​လုပ်​သား​တို့​ကား​နည်း လှ​၏။- သို့​ဖြစ်​၍​လုပ်​သား​များ​စေ​လွှတ်​ပေး​ရန်​စ​ပါး​ရှင် အား​ဆု​တောင်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

ရှင်မဿဲ 9:27-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။ အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော် သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။ သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။ ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ နတ်ဆိုး​ကို​နှင်ထုတ်​တော်မူ​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည်​အံ့ဩ​၍ “အစ္စရေး​ပြည်​၌ ဤကဲ့သို့သော​အဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြောဆို​ကြ​၏။ သို့သော် ဖာရိရှဲ​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​သည်”​ဟု ပြောဆို​ကြ​၏။ ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​က“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​တို့​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။