YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 28:1-8

ရှင်မဿဲ 28:1-8 JBMLE

ဥ​ပုသ်​နေ့​လွန်၍ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် မိုး​လင်း​အံ့​ဆဲ​ဆဲ​အ​ချိန်၌၊ မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော မာ​ရိ​သည် သင်္ချိုင်း​တော်​ကို အ​ကြည့်​အ​ရှု​သွား​ကြ၏။- ထို​အ​ခါ မြေ​ကြီး​သည် ပြင်း​စွာ​လှုပ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဘုံ​မှ ဆင်း​လာ၍၊ တွင်း​ဝ၌​ပိတ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ထို​ကျောက်​ပေါ်​မှာ ထိုင်​နေ၏။- သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။- လူ​စောင့်​တို့​သည် ကောင်း​ကင်​တ​မန်​ကို ကြောက်​ရွံ့​သ​ဖြင့် တုန်​လှုပ်၍ သေ​မ​တတ်​ဖြစ်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။- အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။- ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။