YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:11-26

ရှင်မဿဲ 27:11-26 JBMLE

ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ပြစ်​တင်​ကြ​သော် တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ။- ပိ​လတ်​မင်း​က​လည်း၊ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို သင်​မ​ကြား​သ​လော​ဟု ပြော​ဆို​သော်​လည်း၊- စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ​သည်​ကို မြို့​ဝန်​မင်း​သည် အ​လွန်​အံ့​ဩ​လေ၏။- ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တို့ အ​လို​ရှိ​သော​သူ တစ်​ယောက်​ယောက်​ကို လွှတ်​မြဲ​ထုံး​စံ​ရှိ၏။- ထို​အ​ခါ အ​ကျဉ်း​ထား​သော​သူ​တို့​တွင် ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော ကျော်​စော​သော​သူ တစ်​ယောက်​ရှိ၏။- လူ​များ​စည်း​ဝေး​ကြ​သည်​ရှိ​သော်၊ ပိ​လတ်​မင်း​က၊ သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း။ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​သ​လော။ ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို လွှတ်​စေ​ချင်​သ​လော​ဟု လူ​များ​တို့​အား မေး​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ မေး​သ​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို ပိ​လတ်​မင်း​သိ၏။- ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။- လူ​အ​စု​အ​ဝေး​တို့​သည် ဗာ​ရ​ဗ္ဗ​ကို​တောင်း၍ ယေ​ရှု​ကို​သတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် လူ​များ​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ၏။- ထို​ကြောင့် မြို့​ဝန်​မင်း​သည်၊ ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း​ဟု လူ​များ​ကို တစ်​ဖန် မေး​သော​အ​ခါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ ထို​သူ​အ​ပေါင်း​တို့​က၊ သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု ဆို​ကြ၏။- မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။- ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။- ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။- ပိ​လတ်​မင်း​သည်​လည်း ဗာ​ရ​ဗ္ဗ​ကို လူ​များ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။