YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:57-67

ရှင်မဿဲ 26:57-67 JBMLE

ကိုယ်​တော်​ကို ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စည်း​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ဆောင်​သွား​ကြ၏။- ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- မ​မှန်​သော​သက်​သေ​ခံ​အ​များ လာ​သော်​လည်း သက်​သေ​ကို မ​တွေ့​ကြ။ နောက်​ဆုံး၌ မ​မှန်​သော သက်​သေ​ခံ​နှစ်​ယောက်​တို့​သည် လာ၍၊- ဤ​သူ​က ငါ​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​နိုင်​သည်​ဟု ပြော​ပါ​သည်​ဟု သက်​သေ​ခံ​ကြ၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ထ၍၊ သင်​သည် တစ်​ခွန်း​မျှ ပြန်၍​မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့ သက်​သေ​ခံ​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊- ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။- အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။- ထို​အ​ခါ မျက်​နှာ​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ လက်​သီး​နှင့် ထိုး​ကြ၏။

​ရှင်မဿဲ 26:57-67 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။