YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:47-56

ရှင်မဿဲ 26:47-56 JBMLE

ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။- ယေ​ရှု​က​လည်း၊ အ​ဆွေ၊ အ​ဘယ်​အ​ခင်း​ရှိ၍ လာ​သ​နည်း​ဟု မေး​တော်​မူ​ပြီး​မှ၊ ထို​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​ကို ဆွဲ​ကိုင်​ဖမ်း​ဆီး​ကြ၏။- ထို​အ​ခါ ယေ​ရှု​နှင့် ပါ​သော​သူ​တစ်​ယောက်​သည် လက်​ကို​ဆန့်၍ ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း သင့်​ဓား​ကို သူ့​နေ​ရာ၌​ပြန်​ထား​လော့။ ဓား​ကို​ကိုင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။- သို့​ဖြစ်​လျှင် ဤ​သို့​သော အ​မှု​အ​ရာ​တို့​သည် ဖြစ်​ရ​မည်​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ပြည့်​စုံ​အံ့​နည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။