YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 23:27-39

ရှင်မဿဲ 23:27-39 JBMLE

လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။- ထို​အ​တူ သင်​တို့​သည်​အ​ပြင်၌ လူ​တို့​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ရှိ၏။ အ​တွင်း၌​ကား လျှို့​ဝှက်​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ​ကြ၏။- လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​မှ​စ၍ ဖြောင့်​မတ်​သော​သူ​တို့၏ သင်္ချိုင်း​တွင်း​နှင့် အ​ရိုး​အိုး​တို့​ကို တည်​လုပ်၍ တန်​ဆာ​ဆင်​သ​ဖြင့်၊- ငါ​တို့​သည် ဘိုး​ဘေး​တို့​လက်​ထက်၌​ရှိ​လျှင်၊ ပ​ရော​ဖက်​တို့​ကို သတ်​သည်​အ​မှု​ကို လက်​မ​ခံ​ပြီ​ဟု ဆို​ကြ၏။- ထို​သို့​ဆို​သော်၊ သင်​တို့​သည် ပ​ရော​ဖက်​တို့​ကို သတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​ဖြစ်​သည်​ကို ကိုယ်​အ​ဖို့ ကိုယ်​သက်​သေ​ခံ​ကြ၏။- သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။- မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။ ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။- ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရာ​များ​တို့​သည် ယ​ခု​ဖြစ်​သော​လူ​များ​အ​ပေါ်​သို့ ရောက်​ကြ​လိမ့်​မည်။- အို​ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ​ပြီ။ သင်​မူ​ကား အ​လို​မ​ရှိ။- သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။- ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။