YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 22:34-40

ရှင်မဿဲ 22:34-40 JBMLE

ဇ​ဒ္ဒု​ကဲ​တို့၏ စ​ကား​ကို ချေ​တော်​မူ​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် စု​ဝေး​ကြ၍၊- သူ​တို့​အ​ဝင်​အ​ပါ​ဖြစ်​သော ကျမ်း​တတ်​တစ်​ယောက်​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊- အ​ရှင်​ဘု​ရား၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​မည်​သော ပ​ညတ်​သည် သာ၍​ကြီး​သ​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့၊- ဟူ​သော ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​ဖြစ်၏။ ကြီး​မြတ်​သော ပ​ညတ်​လည်း​ဖြစ်၏။- ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။- ဤ​ပ​ညတ်​နှစ်​ပါး​တို့​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့၏ အ​ချုပ်​အ​ခြာ​ပင်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

​ရှင်မဿဲ 22:34-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။