YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 22:34-40

ရှင်မဿဲ 22:34-40 Judson Bible (JBMLE)

ဇ​ဒ္ဒု​ကဲ​တို့၏ စ​ကား​ကို ချေ​တော်​မူ​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် စု​ဝေး​ကြ၍၊- သူ​တို့​အ​ဝင်​အ​ပါ​ဖြစ်​သော ကျမ်း​တတ်​တစ်​ယောက်​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊- အ​ရှင်​ဘု​ရား၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​မည်​သော ပ​ညတ်​သည် သာ၍​ကြီး​သ​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့၊- ဟူ​သော ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​ဖြစ်၏။ ကြီး​မြတ်​သော ပ​ညတ်​လည်း​ဖြစ်၏။- ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။- ဤ​ပ​ညတ်​နှစ်​ပါး​တို့​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့၏ အ​ချုပ်​အ​ခြာ​ပင်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 22:34-40 Common Language Bible (BCL)

ဇဒ္ဒု​ကဲ​တို့​မ​ချေ​ပ​နိုင်​အောင်​ဤ​သို့​သခင်​ယေရှု ဖြေ​ကြား​တော်​မူ​လိုက်​ကြောင်း​ကို​ဖာ​ရိ​ရှဲ​တို့ ကြား​လျှင်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။- သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။- ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။- ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ကား၊ အိမ်​နီး​ချင်း ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် ဖြစ်​၏။- ဤ​ပညတ်​နှစ်​ပါး​တို့​သည်​မောရှေ​၏​ပ​ညတ်​ကျမ်း တစ်​စောင်​လုံး​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏​အ​ချုပ် အ​ခြာ​ပင်​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​သည်။

ရှင်မဿဲ 22:34-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဇဒ္ဒုကဲ​တို့​ကို ကိုယ်တော်​နှုတ်ဆိတ်​စေ​တော်မူ​ခဲ့​ကြောင်း ဖာရိရှဲ​တို့​ကြား​လျှင် အတူတကွ​စုဝေး​လာ​ကြ​၍ သူ​တို့​ထဲမှ ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် “ဆရာ၊ ပညတ်​တရား​ထဲတွင် မည်သည့်​ပညတ်​ချက်​သည် ကြီးမြတ်​သနည်း”​ဟု မေးလျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး​နှင့် သင်​၏​အသိဉာဏ်​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည်။’ ဤသည်ကား ကြီးမြတ်​သည့် ပထမ​ပညတ်​ချက်​ဖြစ်​၏။ ဒုတိယ​ပညတ်ချက်​သည်​လည်း ၎င်း​နည်းတူ​ဖြစ်​ပြီး ‘ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်’ဟူ၍ ဖြစ်​၏။ ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​အလုံးစုံ​တို့​သည် ဤ​ပညတ်​ချက်​နှစ်​ပါး​အပေါ်တွင်​တည်​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။