YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 22:1-14

ရှင်မဿဲ 22:1-14 JBMLE

တစ်​ဖန် ယေ​ရှု​သည် ဥ​ပ​မာ​ကို​ဆောင်၍ ပ​ရိ​သတ်​တို့​အား မိန့်​မြွက်​တော်​မူ​သည်​ကား၊- ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​ဖို့ ထိမ်း​မြား​မင်္ဂ​လာ​ဆောင်​ပွဲ​ကို စီ​ရင်​သော မင်း​ကြီး​နှင့် တူ၏။- ထို​မင်း​ကြီး​သည် ဖိတ်​ပြီး​သော​သူ​တို့​ကို ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို စေ​လွှတ်​သော​အ​ခါ ထို​သူ​တို့​သည် မ​လာ​ဘဲ​နေ​ကြ၏။- တစ်​ဖန် အ​ခြား​သော​လု​လင်​တို့​ကို စေ​လွှတ်၍ ငါ့​ပွဲ​ကို ငါ​ပြင်​ဆင်​ပြီ။ နွား​မှ​စ​သော ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​များ​ကို သတ်၍​ပြီး​ပြီ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ လာ​ကြ​ပါ​ဟု ဖိတ်​ပြီး​သော​သူ​တို့​အား ပြော​ကြ​ဟု မှာ​လိုက်​ပြန်၏။- သို့​သော်​လည်း ထို​သူ​တို့​သည် နား​မ​ထောင်​ဘဲ အ​ချို့​တို့​သည် မိ​မိ​လယ်​သို့ သွား​ကြ၏။ အ​ချို့​တို့​သည် ကုန်​သွယ်​ရာ​သို့ သွား​ကြ၏။- ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။- ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။ ထို​နောက်​မှ မင်း​ကြီး​သည်​လု​လင်​တို့​ကို​ခေါ်၍ ငါ၏ မင်္ဂ​လာ​ဆောင်​ပွဲ​သည် အ​သင့်​ရှိ၏။ ခေါ်​ဖိတ်​သော​သူ​တို့​သည် မ​ထိုက်​မ​တန်​သော​ကြောင့်၊- လမ်း​မ​လမ်း​ကြား​သို့​သွား၍ တွေ့​သ​မျှ​သော​သူ​တို့​ကို ပွဲ​သို့​ခေါ်​ဖိတ်​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊- လု​လင်​တို့​သည် လမ်း​များ​သို့​ထွက်​သွား၍ ကောင်း​မ​ကောင်း တွေ့​သ​မျှ​သော လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ပွဲ​တော်၌ အ​ပြည့်​ရှိ​လေ၏။- မင်း​ကြီး​သည် ပွဲ၌​လျောင်း​သော​သူ​တို့​ကို ကြည့်​ရှု​ခြင်း​ငှာ ဝင်​တော်​မူ​သော​အ​ခါ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​ကို​မ​ဝတ်​သော သူ​တစ်​ယောက်​ကို​မြင်​လျှင်၊- အ​ဆွေ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​မ​ရှိ​ဘဲ အ​ဘယ်​ကြောင့် ဝင်​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို ထို​သူ​သည် မ​ပြော​နိုင်​ဘဲ​နေ၏။- ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။- ထို​သို့ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။