YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 21:33-46

ရှင်မဿဲ 21:33-46 JBMLE

အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။- အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။- ထို​သူ​တို့​သည် ငယ်​သား​များ​ကို ဖမ်း​ပြီး​လျှင် တစ်​ဦး​ကို​ရိုက်၍၊ တစ်​ဦး​ကို​သတ်၍၊ တစ်​ဦး​ကို ခဲ​နှင့် ပစ်​ကြ၏။- နောက်​တစ်​ဖန် အ​ရင်​ထက်​များ​သော အ​ခြား​ငယ်​သား​တို့​ကို စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ရှေ့​နည်း​အ​တူ​ပြု​ကြ၏။- နောက်​ဆုံး၌ ဥ​ယျာဉ်​ရှင်​က၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု​ဆို၍ မိ​မိ​သား​ကို စေ​လွှတ်​လေ၏။- ဥ​ယျာဉ်​စောင့်​တို့​သည် သား​ကို​မြင်​လျှင် ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်၍ သူ၏​အ​မွေ​ဥ​စ္စာ​ကို ယူ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊- ဥ​ယျာဉ်​ရှင်၏​သား​ကို ဖမ်း​ယူ​ပြီး​မှ ဥ​ယျာဉ်​ပြင်​သို့​ထုတ်၍ သတ်​ပစ်​ကြ၏။- သို့​ဖြစ်​လျှင် ဥ​ယျာဉ်​ရှင်​သည် လာ​သော​အ​ခါ၊ ဥ​ယျာဉ်​စောင့်​တို့​ကို အ​ဘယ်​သို့ ပြု​မည်​နည်း​ဟု မေး​တော်​မူ၏။- ပ​ရိ​သတ်​တို့​က​လည်း ထို​လူ​ဆိုး​တို့​အား ဆိုး​သော​ဖျက်​ဆီး​ခြင်း​ကို စီ​ရင်​ပါ​လိမ့်​မည်။ အ​သီး​သီး​ချိန်​တွင် အ​သီး​ကို​ဆက်​အံ့​သော အ​ခြား​လူ​တို့​အား ထို​ဥ​ယျာဉ်​ကို ငှား​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။ ယေ​ရှု​က​လည်း၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။ ငါ​တို့ မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။- အ​ကြင်​သူ​သည် ထို​ကျောက်​အ​ပေါ်​သို့ ကျ၏။ ထို​သူ​သည် ကျိုး​လ​တ္တံ့၊ အ​ကြင်​သူ၏​အ​ပေါ်​သို့ ထို​ကျောက်​သည် ကျ၏၊ ထို​သူ​သည် ညက်​ညက်​ကြေ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​ဥ​ပ​မာ​စ​ကား​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကြား​ရ​လျှင်၊ မိ​မိ​တို့​ကို​ရည်​ဆောင်၍ ဟော​ပြော​တော်​မူ​သည်​ကို သိ​ကြ၏။- ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​သော်​လည်း စု​ဝေး​သော​သူ​များ​ကို ကြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏။